ဧရာဝတီတိုင္းေဒသႀကီးတြင္ ေပၚဆန္းရင္စပါးမ်ား ယမန္ႏွစ္ကထက္ ေဈးႏႈန္းမ်ားက်ဆင္းေန၍ စပါးေရာင္း ခ်ရန္ ေတာင္သူအခ်ိဳ႕ဆိုင္းငံ့ေနရ

ဧရာဝတီတိုင္းေဒသႀကီး လပြတၱာခ႐ိုင္ လပြတၱာၿမိဳ႕နယ္အတြင္းရွိ စပါးစိုက္ေတာင္သူ မ်ားအေနျဖင့္ ယခုႏွစ္ ေပၚဆန္း ရင္စပါးေပၚခ်ိန္တြင္ ေဈးႏႈန္းမ်ားက်ဆင္းေန၍ မိမိတို႔လယ္ယာထြက္ စပါးမ်ားအား ေရာင္းခ်ရန္အတြက္ ဆိုင္းငံ့ေနၾက ရေၾကာင္း ေတာင္သူမ်ားထံမွ သိရသည္။

ယမန္ႏွစ္က ေပၚဆန္းရင္စပါးတင္း ၁၀၀ လွ်င္ ကနဦးေပါက္ေဈး ေငြက်ပ္ ၉၀၀၀၀၀ ႏႈန္းျဖင့္ ဝယ္ယူခဲ့ ေသာ္လည္း ယခုႏွစ္အတြင္း လက္ရွိေပါက္ေဈးမွာ ေငြက်ပ္ ၇၀၀၀၀၀ က်ပ္ျဖင့္သာ ဆန္စက္မ်ားက ဝယ္ယူလ်က္ရွိေနသျဖင့္ ယမန္ႏွစ္စပါးေပါက္ေဈးထက္ ေငြက်ပ္ ၂၀၀၀၀၀ ဝန္းက်င္ခန႔္ က်ဆင္း လ်က္ရွိသည္။

အဆိုပါ စပါးေဈးႏႈန္းက်ဆင္းေန မႈေၾကာင့္ ေတာင္သူမ်ားအေနျဖင့္ ယခုႏွစ္ထြက္ရွိေသာ စပါးမ်ားအား လက္ရွိ ေပါက္ေဈးျဖင့္ေရာင္းခ်ပါက မ်ားစြာေငြေၾကးဆုံးရႈံးမႈမ်ား ရွိႏိုင္မည္ကို စိုးရိမ္လွ်က္ရွိ‌ေနေၾကာင္း လပြတၱာၿမိဳ႕နယ္ ၿမိဳ႕မ (၉)ပိုင္ ကြင္းယားအုပ္စုေန စပါးစိုက္ေတာင္သူ တစ္ဦးက “လယ္တစ္ဧကကို ႀကဲခင္းအေနနဲ႔စပါးစိုက္ပ်ိဳးမယ္ဆိုရင္ မိုးဦးကာလစိုက္ပ်ိဳးခ်ိန္နဲ႔ ေႏြအခါ ရိတ္သိမ္းခ်ိန္ထိ ကုန္က်ေငြက လုပ္အားခအပါအဝင္ ပ်မ္းမွ် ေငြက်ပ္ ၁၉၅၀၀၀ ေလာက္ ကုန္က်ပါတယ္၊ တစ္ဧကစပါးအထြက္ႏႈန္းက ကြၽန္ေတာ္တို႔ဘက္မွာ ေပၚဆန္းရင္ စပါးဆိုရင္ အမ်ားဆုံး တင္း(၄၀)ေလာက္ပဲ ထြက္ပါတယ္၊

အခုႏွစ္ စပါးေပါက္ေဈးနဲ႔ဆိုရင္ တစ္ဧကကို ေငြက်ပ္ ၂၈၀၀၀၀ ေလာက္ေတာ့ရမွာပါ၊ ဒါကလည္း ဆန္စက္ေတြမွာ စပါး ႀကိတ္ခြဲစမ္းသပ္ၿပီး ဆန္အထြက္‌ႏႈန္းေကာင္းမွ အျမင့္ဆုံးရတဲ့စပါးေဈးပါ၊ ဆန္အထြက္ မေကာင္းရင္ ေဈးေလ်ာ့ ပါေသးတယ္၊ အခုလက္ရွိစပါးေပါက္ေဈးနဲ႔ဆို ကြၽန္ေတာ္တို႔အတြက္ တစ္ဧကကို ၈၅၀ ၀၀ ေလာက္ေတာ့ အၾကမ္း ဖ်င္း ပိုတယ္လို႔ေျပာရမွာေပါ့၊ စိုက္ခင္းဆိုရင္ ကုန္က်စရိတ္က ဒီထက္ပိုျမင့္ တယ္ ေလ၊ ႏိုင္ငံေတာ္ကစိုက္ပ်ိဳးစရိတ္ ထုတ္ေခ်းရာမွာလဲ တစ္ဧကကို ၁၅၀၀၀၀ ႏႈန္းနဲ႔ ၁၀ ဧကအတြက္ သာ ထုတ္ေခ်းတာမို႔ မလုံေလာက္တဲ့အခါ ျပင္ပကေ ငြေခ်းၿပီး စိုက္ပ်ိဳးစရိတ္ထည့္ရ တာေတြလည္း ရွိပါ တယ္၊

အခုႏွစ္မွာဆိုရင္ဒီဘက္က ေတာင္သူအေတာ္မ်ားမ်ား ယခင္ႏွစ္ကထက္ စပါးအထြက္ေတြ ဆုတ္ၾကပါတယ္၊ စပါးေဈးကလည္းက်ဆိုေတာ့ ဆန္စက္ေတြအေနနဲ႔ ၇၀၀၀၀၀ ေဈးနဲ႔ ဝယ္ယူေနေပ မယ့္အျပင္ ကုန္သည္ေတြအေနနဲ႔ ခုခ်ိန္ထိလာ‌ေရာက္ဝယ္ယူျခင္းမရွိေသးပါဘူး”လို႔ေျပာၾကားခ်က္ အရသိရသည္။

သို႔ျဖစ္ပါ၍ လပြတၱာၿမိဳ႕နယ္အတြင္းရွိ စပါးစိုက္ေတာင္သူ မ်ားအေနျဖင့္ စပါးမ်ား ရိတ္သိမ္း‌ေႁခြေလွ႔ ၿပီးျဖစ္ေသာ္လည္း ရရွိလာေသာစပါး မ်ားအား လက္ရွိေဈးႏႈန္းျဖင့္ ေရာင္းခ်လိုျခင္းမရွိသျဖင့္ စပါးေဈးႏႈန္း ျမင့္တက္လာခ်ိန္ကိုသာ ေစာင့္ေမွ်ာ္လ်က္ရွိ‌‌ေနၾကေၾကာင္း သိရသည္။

ခင္ေလးဝါ (ေ႐ႊတာေျမ)

Unicode

ဧရာဝတီတိုင်း ဒေသကြီးတွင် ပေါ်ဆန်းရင် စပါး များ ယမန်နှ စ်ကထက် ဈေးနှုန်းများ ကျဆင်း နေ ၍ စပါး ရောင်းချရန် တောင်သူအချို့ဆိုင်းငံ့ နေရ

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် လပွတ္တာမြို့နယ်အတွင်းရှိ စပါးစိုက်တောင်သူ များအနေဖြင့် ယခုနှစ် ပေါ်ဆန်း ရင်စပါးပေါ်ချိန်တွင် ဈေးနှုန်းများကျဆင်းနေ၍ မိမိတို့လယ်ယာထွက် စပါးများအား ရောင်းချရန်အတွက် ဆိုင်းငံ့နေကြ ရကြောင်း တောင်သူများထံမှ သိရသည်။

ယမန်နှစ်က ပေါ်ဆန်းရင်စပါးတင်း ၁၀၀ လျှင် ကနဦးပေါက်ဈေး ငွေကျပ် ၉၀၀၀၀၀ နှုန်းဖြင့် ဝယ်ယူခဲ့ သော်လည်း ယခုနှစ်အတွင်း လက်ရှိပေါက်ဈေးမှာ ငွေကျပ် ၇၀၀၀၀၀ ကျပ်ဖြင့်သာ ဆန်စက်များက ဝယ်ယူလျက်ရှိနေသဖြင့် ယမန်နှစ်စပါးပေါက်ဈေးထက် ငွေကျပ် ၂၀၀၀၀၀ ဝန်းကျင်ခန့် ကျဆင်း လျက်ရှိသည်။

အဆိုပါ စပါးဈေးနှုန်းကျဆင်းနေ မှုကြောင့် တောင်သူများအနေဖြင့် ယခုနှစ်ထွက်ရှိသော စပါးများအား လက်ရှိ ပေါက်ဈေးဖြင့်ရောင်းချပါက များစွာငွေကြေးဆုံးရှုံးမှုများ ရှိနိုင်မည်ကို စိုးရိမ်လျှက်ရှိ‌နေကြောင်း လပွတ္တာမြို့နယ် မြို့မ (၉)ပိုင် ကွင်းယားအုပ်စုနေ စပါးစိုက်တောင်သူ တစ်ဦးက “လယ်တစ်ဧကကို ကြဲခင်းအနေနဲ့စပါးစိုက်ပျိုးမယ်ဆိုရင် မိုးဦးကာလစိုက်ပျိုးချိန်နဲ့ နွေအခါ ရိတ်သိမ်းချိန်ထိ ကုန်ကျငွေက လုပ်အားခအပါအဝင် ပျမ်းမျှ ငွေကျပ် ၁၉၅၀၀၀ လောက် ကုန်ကျပါတယ်၊ တစ်ဧကစပါးအထွက်နှုန်းက ကျွန်တော်တို့ဘက်မှာ ပေါ်ဆန်းရင် စပါးဆိုရင် အများဆုံး တင်း(၄၀)လောက်ပဲ ထွက်ပါတယ်၊

အခုနှစ် စပါးပေါက်ဈေးနဲ့ဆိုရင် တစ်ဧကကို ငွေကျပ် ၂၈၀၀၀၀ လောက်တော့ရမှာပါ၊ ဒါကလည်း ဆန်စက် တွေမှာ စပါး ကြိတ်ခွဲစမ်းသပ်ပြီး ဆန်အထွက်‌နှုန်းကောင်းမှ အမြင့်ဆုံးရတဲ့စပါးဈေးပါ၊ ဆန်အထွက် မကောင်းရင် ဈေးလျော့ ပါသေးတယ်၊ အခုလက်ရှိစပါးပေါက်ဈေးနဲ့ဆို ကျွန်တော်တို့ အတွက် တစ်ဧကကို ၈၅၀ ၀၀ လောက်တော့ အကြမ်း ဖျင်း ပိုတယ်လို့ပြောရမှာပေါ့၊ စိုက်ခင်းဆိုရင် ကုန်ကျစရိတ်က ဒီထက်ပိုမြင့်တယ် လေ၊ နိုင်ငံတော်ကစိုက်ပျိုးစရိတ် ထုတ်ချေးရာမှာလဲ တစ်ဧကကို ၁၅၀၀၀၀ နှုန်းနဲ့ ၁၀ ဧကအတွက်သာ ထုတ်ချေးတာမို့ မလုံလောက်တဲ့အခါ ပြင်ပကေ ငွချေးပြီး စိုက်ပျိုးစရိတ်ထည့်ရတာတွေလည်း ရှိပါတယ်၊

အခုနှစ်မှာဆိုရင်ဒီဘက်က တောင်သူအတော်များများ ယခင်နှစ်ကထက် စပါးအထွက်တွေ ဆုတ် ကြ ပါတယ်၊ စပါးဈေးကလည်းကျဆိုတော့ ဆန်စက်တွေအနေနဲ့ ၇၀၀၀၀၀ ဈေးနဲ့ ဝယ်ယူနေပေ မယ့်အပြင် ကုန်သည်တွေ အနေနဲ့ ခုချိန်ထိလာ‌ရောက်ဝယ်ယူခြင်းမရှိသေးပါဘူး”လို့ပြောကြားချက် အရသိရသည်။

သို့ဖြစ်ပါ၍ လပွတ္တာမြို့နယ်အတွင်းရှိ စပါးစိုက်တောင်သူ များအနေဖြင့် စပါးများ ရိတ်သိမ်း‌ခြွေလှေ့ ပြီးဖြစ်သော် လည်း ရရှိလာသောစပါး များအား လက်ရှိဈေးနှုန်းဖြင့် ရောင်းချလိုခြင်းမရှိသဖြင့် စပါး ဈေး နှုန်း မြင့်တက် လာချိန်ကိုသာ စောင့်မျှော်လျက်ရှိ‌‌နေကြကြောင်း သိရသည်။

ခင်လေးဝါ (ရွှေတာမြေ)

Leave a Reply

Your email address will not be published. Required fields are marked *