အခ်ဳပ္​သားမ်ား သယ္ေဆာင္လာသည့္ယာဥ္ လမ္း​ေ ဘးသစ္​ပင္ ​တိုက္​မိၿပီး အခ်ဳပ္သားႏွင့္ ရဲတပ္ဖြဲ႕ဝင္ ဆယ့္တစ္ဦး ဒဏ္​ရာရ

အခ်ဳပ္​သားမ်ား သယ္ေဆာင္လာ သည့္ယာဥ္သည္ ၂၆ ဘီလမ္း ၆၅ လမ္းႏွင့္ ၆၆ လမ္းၾကားအေရာက္တြင္ လမ္း​ေ​ဘး သစ္​ပင္​တိုက္​မိၿပီး အခ်ဳပ္သားႏွင့္ ရဲတပ္ဖြဲ႕ဝင္ ဆယ့္တစ္ဦးခန႔္ ဒဏ္​ရာရရွိမႈ ဒီဇင္ဘာ ၃ ရက္ နံနက္ ၉ နာရီခန႔္က ျဖစ္ ပြားခဲ့ေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ​ေက်ာက္​ဆည္​ၿမိဳ႕မွ မႏၲေလးၿမိဳ႕သို႔ ​ေမာင္​းႏွင္​လာသည့္ အခ်ဳပ္​ကားသည္ ၂၆ ဘီလမ္း၊ ၆၅ လမ္းႏွင့္ ၆၆ လမ္းၾကား အေရာက္တြင္ လမ္​း​ေဘးသစ္​ပင္​ကို ဝင္​တိုက္​မိၿပီး ယာဥ္​​ေပၚပါလာသည့္ အခ်ဳပ္သား ၇ ဦး၊ ရဲတပ္ဖြဲ႕ဝင္ ၃ ဦးႏွင့္ လမ္းတြင္ ဆိုင္ကယ္ေမာင္း လာသည့္ အမ်ိဳးသမီး ၁ ဦး စုစုေပါင္း ၁၁ ဦး ဒဏ္ရာရရွိသြားေၾကာင္း အဆိုပါေနရာ တြင္ တာဝန္က် ယာဥ္​ထိန္​းရဲတပ္​ဖြဲ႕ဝင္​ တစ္ဦးထံမွ သိရသည္။

အခ်ဳပ္​သား ၁၈ ဦးကို​ မန္​း​ေလး​ေထာင္ ပို႔​ေဆာင္​ရန္ ေခၚေဆာင္လာစဥ္​ လမ္း​ေ​ဘးသစ္​ပင္ကို တိုက္​မိခဲ့ရာ ကားရပ္ တန႔္ သြားရာ ေနာက္တြင္လားရာတူ ဆိုင္​ကယ္​တစ္​စီးမွ အခ်ဳပ္​ကားကို ဝင္​တိုက္​ခဲ့ျခင္း ျဖစ္သည္ဟု သိရသည္။

အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္ၿပီး အမွတ္ (၁) နယ္ေျမရဲစခန္းသို႔ ဆက္သြယ္ေမးျမန္းခဲ့ရာ “ေမွာက္တာေတာ့ မဟုတ္ ဘူးဗ်။ အခ်ဳပ္ကား ေဘာ္ဒီနဲ႔ မလြတ္ဘဲ မန္က်ည္းပင္နဲ႔ ခ်ိတ္မိတာ။ ေသဆုံးတာေတာ့ မရွိပါဘူး။ ဒဏ္ရာရတာ ေလာ ဆယ္ အခ်ဳပ္သား ၇ ဦးနဲ႔ ရဲတပ္ဖြဲ႕ဝင္ ၃ ဦးေပါ့။ ေလာေလာဆယ္ စိစစ္ေနတုန္း ျဖစ္ပါတယ္” ဟု စခန္းမႉး ေမာင္ေမာင္ၫြန႔္ က ေျဖၾကားခဲ့သည္။

အဆိုပါ ယာဥ္ႏွင့္သစ္ပင္ တိုက္​မႈ​ေၾကာင္​့ ဒဏ္​ရာရ​ရွိသူမ်ားကို ေဆး႐ုံ​ပို႔ေဆာင္ ထားေၾကာင္း သိရသည္။

ထိုယာဥ္တိုက္မႈႏွင့္ ပတ္သက္ၿပီး အမွတ္ (၁) ရဲစခန္းတြင္ စစ္ေဆးေဆာင္႐ြက္မႈမ်ား ျပဳလုပ္ေနသည္ဟု သိရသည္။

Credit; Eleven Media Group

Unicode

အချုပ်သားများ သယ်ဆောင် လာသည့်ယာဉ် လမ်း ဘေးသစ်ပင်တိုက်မိပြီး အချုပ်သားနှင့် ရဲတပ်ဖွဲ့ဝင် ဆယ့်တစ်ဦး ဒဏ်ရာရ

အချုပ်သားများ သယ်ဆောင်လာ သည့်ယာဉ်သည် ၂၆ ဘီလမ်း ၆၅ လမ်းနှင့် ၆၆ လမ်းကြားအရောက်တွင် လမ်းဘေး သစ်ပင်တိုက်မိပြီး အချုပ်သားနှင့် ရဲတပ်ဖွဲ့ဝင် ဆယ့်တစ်ဦးခန့် ဒဏ်ရာရရှိမှု ဒီဇင်ဘာ ၃ ရက် နံနက် ၉ နာရီခန့်က ဖြစ် ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ကျောက်ဆည်မြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသည့် အချုပ်ကားသည် ၂၆ ဘီလမ်း၊ ၆၅ လမ်းနှင့် ၆၆ လမ်းကြား အရောက်တွင် လမ်းဘေးသစ်ပင်ကို ဝင်တိုက်မိပြီး ယာဉ်ပေါ်ပါလာသည့် အချုပ်သား ၇ ဦး၊ ရဲတပ်ဖွဲ့ဝင် ၃ ဦးနှင့် လမ်းတွင် ဆိုင်ကယ်မောင်း လာသည့် အမျိုးသမီး ၁ ဦး စုစုပေါင်း ၁၁ ဦး ဒဏ်ရာရရှိသွားကြောင်း အဆိုပါနေရာ တွင် တာဝန်ကျ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် တစ်ဦးထံမှ သိရသည်။

အချုပ်သား ၁၈ ဦးကို မန်းလေးထောင် ပို့ဆောင်ရန် ခေါ်ဆောင်လာစဉ် လမ်းဘေးသစ်ပင်ကို တိုက်မိခဲ့ရာ ကားရပ် တန့် သွားရာ နောက်တွင်လားရာတူ ဆိုင်ကယ်တစ်စီးမှ အချုပ်ကားကို ဝင်တိုက်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး အမှတ် (၁) နယ်မြေရဲစခန်းသို့ ဆက်သွယ်မေးမြန်းခဲ့ရာ “မှောက်တာတော့ မဟုတ် ဘူးဗျ။ အချုပ်ကား ဘော်ဒီနဲ့ မလွတ်ဘဲ မန်ကျည်းပင်နဲ့ ချိတ်မိတာ။ သေဆုံးတာတော့ မရှိပါဘူး။ ဒဏ်ရာရတာ လော ဆယ် အချုပ်သား ၇ ဦးနဲ့ ရဲတပ်ဖွဲ့ဝင် ၃ ဦးပေါ့။ လောလောဆယ် စိစစ်နေတုန်း ဖြစ်ပါတယ်” ဟု စခန်းမှူး မောင်မောင်ညွန့် က ဖြေကြားခဲ့သည်။

အဆိုပါ ယာဉ်နှင့်သစ်ပင် တိုက်မှုကြောင့် ဒဏ်ရာရရှိသူများကို ဆေးရုံပို့ဆောင် ထားကြောင်း သိရသည်။

ထိုယာဉ်တိုက်မှုနှင့် ပတ်သက်ပြီး အမှတ် (၁) ရဲစခန်းတွင် စစ်ဆေးဆောင်ရွက်မှုများ ပြုလုပ်နေသည်ဟု သိရသည်။

Credit; Eleven Media Group

Leave a Reply

Your email address will not be published. Required fields are marked *