ပလက္ဝ-ဇိုရမ္ပူ လမ္းစီမံကိန္းအတြက္ ယာဥ္၊ ယႏၲရား မ်ား တင္ေဆာင္ထားေသာ ဇက္သေဘၤာအား AA အဖြဲ႕ က ေခ်ာင္းေျမာင္း ပစ္ခတ္ခဲ့ၿပီး ေရယာဥ္အမႈ ထမ္းမ်ား၏ ဖုန္းမ်ားႏွင့္ေငြမ်ားအား ယူေဆာင္သြားေၾကာင္း တပ္မေ တာ္ သတင္းထုတ္ျပန္

ပလက္ဝ-ဇိုရမ္ပူလမ္း စီမံကိန္းတြင္ အသုံးျပဳမည့္ ေျမတူးစက္သုံးစီး၊ ေျမေကာ္ ယာဥ္တစ္စီးႏွင့္ ေျမညႇိစက္တစ္စီး တင္ ေဆာင္ထားေသာ ပင္လယ္မင္းသမီး ဇက္သေဘၤာ တစ္စင္းအား ႏိုဝင္ဘာ ၃၀ ရက္ ညပိုင္းတြင္ ေက်ာက္ေတာ္ၿမိဳ႕နယ္ တင္းမေက်း ႐ြာအနီး ကုလားတန္ျမစ္အတြင္း၌ AA အဖြဲ႕က ေခ်ာင္းေျမာင္း ပစ္ခတ္တိုက္ခိုက္ခဲ့ၿပီး ေရယာဥ္အမႈ ထမ္းမ်ားအား ဖမ္းဆီးစစ္ေဆးမႈ ျပဳလုပ္ကာ လက္ကိုင္တယ္လီဖုန္းမ်ားႏွင့္ ေငြမ်ားအား သိမ္းဆည္းယူေဆာင္သြား ေၾကာင္း ဒီဇင္ဘာ ၁ ရက္တြင္ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံးက သတင္းထုတ္ျပန္သည္။

အဆိုပါ ပလက္ဝ-ဇိုရမ္ပူလမ္းစီမံ ကိန္းတြင္ အသုံးျပဳမည့္ ေျမတူးစက္သုံးစီး၊ ေျမေကာ္ယာဥ္တစ္စီးႏွင့္ ေျမညႇိစက္ တစ္စီး တင္ေဆာင္ထားေသာ ပင္လယ္မင္းသမီး ဇက္သေဘၤာ သည္ ႏိုဝင္ဘာ ၂၅ ရက္တြင္ စစ္ေတြမွ ေက်ာက္ေတာ္ ၿမိဳ႕သို႔ ေရာက္ရွိခဲ့ၿပီး ႏိုဝင္ဘာ ၂၉ ရက္တြင္ ေက်ာက္ေတာ္ၿမိဳ႕မွ ပလက္ဝသို႔ ထြက္ခြာခဲ့ေၾကာင္း၊ ေက်ာက္ေတာ္ ၿမိဳ႕နယ္ ေျမာက္ေတာင္ေက်း ႐ြာအနီး ေရာက္ရွိစဥ္ ျမစ္အတြင္း ေသာင္တင္ေသာ ေၾကာင့္ စက္ရွိန္ျမႇင့္ ႐ုန္းထြက္ေ ဆာင္႐ြက္ရာ ပန္ကာ႐ြက္က်ိဳးမႈ ျဖစ္ခဲ့သျဖင့္ ယင္းေနရာ၌ ညအိပ္ခဲ့ေၾကာင္း သိရသည္။

ယင္းေနာက္ ႏိုဝင္ဘာ ၃၀ ရက္ နံနက္ပိုင္းတြင္ သေဘၤာအား ျပန္လည္ျပဳျပင္၍ ဆက္လက္ထြက္ ခြာလာခဲ့ရာ တင္းမေ က်း႐ြာ သို႔ ေရာက္ရွိစဥ္ ႐ြာ၏ အေနာက္ဘက္ကမ္းမွ AA အဖြဲ႕က လက္နက္ႀကီး၊ လက္နက္ငယ္မ်ားျဖင့္ ေခ်ာင္းေျမာင္း ပစ္ခတ္ တားဆီးခဲ့ေၾကာင္း၊ ထို႔ေနာက္ AA အဖြဲ႕ဝင္မ်ားက သေဘၤာေပၚသို႔ ေရာက္ရွိလာၿပီး ေရယာဥ္ အမႈထမ္းမ်ားအား လက္ျပန္ႀကိဳးတုပ္၍ ကမ္းေပၚသို႔ ေခၚေဆာင္စစ္ေဆးမႈမ်ားျပဳ လုပ္ၿပီး လက္ကိုင္ တယ္လီဖုန္းေလး လုံးႏွင့္ ေငြက်ပ္သုံးသိန္းခန႔္အား ယူေဆာင္ၿပီး ျပန္လည္ေစလႊတ္ေပးခဲ့ေၾကာင္း တပ္မေတာ္၏ သတင္းထုတ္ျပန္ ခ်က္အရ သိရသည္။

ထိုသို႔ပစ္ခတ္ျခင္းေၾကာင့္ သေဘၤာေမာင္းခန္းရွိ ေလကာမွန္ငါးခ်ပ္ႏွင့္ သေဘၤာ မီးဆလိုက္တစ္ခု၊ ေျမေကာ္ယာဥ္ တစ္စီး၏ ေရွ႕ေလကာမွန္ႏွင့္ ေနာက္ဘက္ေလကာ မွန္မ်ား ကြဲေၾကပ်က္ စီးခဲ့ေၾကာင္း သိရသည္။

စီမံကိန္းတြင္ အသုံးျပဳမည့္ယာဥ္၊ ယႏၲရားမ်ား ပို႔ေဆာင္သည့္ တာဝန္ရွိသူမ်ား အေနျဖင့္လည္း ခရီးလမ္းလုံၿခဳံေရး အတြက္ နယ္ေျမလုံၿခဳံေရးေဆာင္ ႐ြက္လ်က္ရွိသည့္ တပ္ဖြဲ႕ဝင္မ်ားသို႔ ႀကိဳတင္ခြင့္ျပဳခ်က္ တင္ျပျခင္းမရွိဘဲ ၎တို႔ အစီ အစဥ္ျဖင့္ သြားေရာက္ခဲ့ျခင္းျဖစ္ေၾကာင္း တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံးက သတင္းထုတ္ျပန္သည္။

AA အဖြဲ႕အေနျဖင့္ ေဒသဖြံ႕ၿဖိဳးေရး လုပ္ငန္းမ်ား၊ ပလက္ဝတံတား စီမံကိန္းႏွင့္ ပလက္ဝ-ဇိုရမ္ပူလမ္း စီမံကိန္းမ်ား ပ်က္ ျပားေစရန္ ရည္႐ြယ္၍ မတ္ ၁၆ ရက္ႏွင့္ ႏို ဝင္ဘာ ၂၂ ရက္တို႔တြင္လည္း ေခ်ာင္းေျမာင္း ပစ္ခတ္ ဖ်က္ဆီးျခင္း မ်ားျပဳလုပ္ခဲ့ၿပီး ယခု ထပ္မံ၍ ေခ်ာင္းေျမာင္း ပစ္ခတ္ျခင္းမ်ား ျပဳ လုပ္သည့္အျပင္ ေရယာဥ္ဝန္ထမ္းမ်ားအား အတင္း အဓမၼ ဖမ္းဆီးစစ္ေဆးၿပီး လက္ကိုင္ တယ္လီဖုန္း မ်ားႏွင့္ ေငြမ်ားကိုပါ ယူေဆာင္ သြားခဲ့ျခင္းျဖစ္ေၾကာင္းႏွင့္ အဆို ပါေနရာ တစ္ဝိုက္အား တပ္မေတာ္ စစ္ေၾကာင္းမ်ား က လိုအပ္သည့္ လုံၿခဳံေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ လ်က္ရွိေ ၾကာင္း တပ္မေတာ္ကာ ကြယ္ေရးဦးစီး ခ်ဳပ္႐ုံးက သတင္းထုတ္ျပန္ သည္။

Credit; Eleven Media Group

Unicode

ပလက်ဝ-ဇိုရမ်ပူ လမ်းစီမံကိန်း အတွက် ယာဉ်၊ ယန္ တရားများ တင်ဆောင် ထားသော ဇက်သင်္ဘောအား AA အဖွဲ့က ချောင်းမြောင်း ပစ်ခတ်ခဲ့ပြီး ရေယာဉ် အမှု ထမ်းများ၏ ဖုန်းများ နှင့် ငွေများအား ယူဆောင် သွား ကြောင်း တပ်မတော် သတင်းထုတ်ပြန်

ပလက်ဝ-ဇိုရမ်ပူလမ်း စီမံကိန်းတွင် အသုံးပြုမည့် မြေတူးစက်သုံးစီး၊ မြေကော် ယာဉ်တစ်စီးနှင့် မြေညှိစက်တစ်စီး တင် ဆောင်ထားသော ပင်လယ်မင်းသမီး ဇက်သင်္ဘော တစ်စင်းအား နိုဝင်ဘာ ၃၀ ရက် ညပိုင်းတွင် ကျောက်တော်မြို့နယ် တင်းမကျေး ရွာအနီး ကုလားတန်မြစ်အတွင်း၌ AA အဖွဲ့က ချောင်းမြောင်း ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ရေယာဉ်အမှု ထမ်းများအား ဖမ်းဆီးစစ်ဆေးမှု ပြုလုပ်ကာ လက်ကိုင်တယ်လီဖုန်းများနှင့် ငွေများအား သိမ်းဆည်းယူဆောင်သွား ကြောင်း ဒီဇင်ဘာ ၁ ရက်တွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

အဆိုပါ ပလက်ဝ-ဇိုရမ်ပူလမ်းစီမံ ကိန်းတွင် အသုံးပြုမည့် မြေတူးစက်သုံးစီး၊ မြေကော်ယာဉ်တစ်စီးနှင့် မြေညှိစက် တစ်စီး တင်ဆောင်ထားသော ပင်လယ်မင်းသမီး ဇက်သင်္ဘော သည် နိုဝင်ဘာ ၂၅ ရက်တွင် စစ်တွေမှ ကျောက်တော် မြို့သို့ ရောက်ရှိခဲ့ပြီး နိုဝင်ဘာ ၂၉ ရက်တွင် ကျောက်တော်မြို့မှ ပလက်ဝသို့ ထွက်ခွာခဲ့ကြောင်း၊ ကျောက်တော် မြို့နယ် မြောက်တောင်ကျေး ရွာအနီး ရောက်ရှိစဉ် မြစ်အတွင်း သောင်တင်သော ကြောင့် စက်ရှိန်မြှင့် ရုန်းထွက်ေ ဆာင်ရွက်ရာ ပန်ကာရွက်ကျိုးမှု ဖြစ်ခဲ့သဖြင့် ယင်းနေရာ၌ ညအိပ်ခဲ့ကြောင်း သိရသည်။

ယင်းနောက် နိုဝင်ဘာ ၃၀ ရက် နံနက်ပိုင်းတွင် သင်္ဘောအား ပြန်လည်ပြုပြင်၍ ဆက်လက်ထွက် ခွာလာခဲ့ရာ တင်းမေ ကျးရွာ သို့ ရောက်ရှိစဉ် ရွာ၏ အနောက်ဘက်ကမ်းမှ AA အဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် ချောင်းမြောင်း ပစ်ခတ် တားဆီးခဲ့ကြောင်း၊ ထို့နောက် AA အဖွဲ့ဝင်များက သင်္ဘောပေါ်သို့ ရောက်ရှိ လာပြီး ရေယာဉ် အမှုထမ်းများအား လက်ပြန်ကြိုးတုပ်၍ ကမ်းပေါ်သို့ ခေါ်ဆောင်စစ်ဆေးမှုများပြု လုပ်ပြီး လက်ကိုင် တယ်လီဖုန်းလေး လုံးနှင့် ငွေကျပ်သုံးသိန်းခန့်အား ယူဆောင်ပြီး ပြန်လည်စေလွှတ်ပေးခဲ့ကြောင်း တပ်မတော်၏ သတင်းထုတ်ပြန် ချက်အရ သိရသည်။

ထိုသို့ပစ်ခတ်ခြင်းကြောင့် သင်္ဘောမောင်းခန်းရှိ လေကာမှန်ငါးချပ်နှင့် သင်္ဘော မီးဆလိုက်တစ်ခု၊ မြေကော်ယာဉ် တစ်စီး၏ ရှေ့လေကာမှန်နှင့် နောက်ဘက်လေကာ မှန်များ ကွဲကြေပျက် စီးခဲ့ကြောင်း သိရသည်။

စီမံကိန်းတွင် အသုံးပြုမည့်ယာဉ်၊ ယန္တရားများ ပို့ဆောင်သည့် တာဝန်ရှိသူများ အနေဖြင့်လည်း ခရီးလမ်းလုံခြုံရေး အတွက် နယ်မြေလုံခြုံရေးဆောင် ရွက်လျက်ရှိသည့် တပ်ဖွဲ့ဝင်များသို့ ကြိုတင်ခွင့်ပြုချက် တင်ပြခြင်းမရှိဘဲ ၎င်းတို့ အစီ အစဉ်ဖြင့် သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

AA အဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ၊ ပလက်ဝတံတား စီမံကိန်းနှင့် ပလက်ဝ-ဇိုရမ်ပူလမ်း စီမံကိန်းများ ပျက် ပြားစေရန် ရည်ရွယ်၍ မတ် ၁၆ ရက်နှင့် နို ဝင်ဘာ ၂၂ ရက်တို့တွင်လည်း ချောင်းမြောင်း ပစ်ခတ် ဖျက်ဆီးခြင်း များပြုလုပ်ခဲ့ပြီး ယခု ထပ်မံ၍ ချောင်းမြောင်း ပစ်ခတ်ခြင်းများ ပြု လုပ်သည့်အပြင် ရေယာဉ်ဝန်ထမ်းများအား အတင်း အဓမ္မ ဖမ်းဆီးစစ်ဆေးပြီး လက်ကိုင် တယ်လီဖုန်း များနှင့် ငွေများကိုပါ ယူဆောင် သွားခဲ့ခြင်းဖြစ်ကြောင်းနှင့် အဆို ပါနေရာ တစ်ဝိုက်အား တပ်မတော် စစ်ကြောင်းများ က လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက် လျက်ရှိေ ကြာင်း တပ်မတော်ကာ ကွယ်ရေးဦးစီး ချုပ်ရုံးက သတင်းထုတ်ပြန် သည်။

Credit; Eleven Media Group

Leave a Reply

Your email address will not be published. Required fields are marked *