တာဝန္သိျပည္သူ တစ္ေယာက္ရဲ႕ ကူညီမႈကို taxi သမား နဲ႔ ခ႐ိုင္ရဲဆိုသူတို႔ ပူးေပါင္းၿခိမ္းေျခာက္မႈေျမ နီကုန္း တြင္ျဖစ္ ပြား

ဒီေန႔ ည ေျမနီကုန္းစမ္းေခ်ာင္းက City Mart သြားရင္း ရန္ျဖစ္ေနတာေတြ႕ပါတယ္။ Taxi တစ္စီးက မီးပြိဳင့္နားမွာ လမ္းနဲ႔ေရာ City mart car parking နဲ႔ ေရာ မလြတ္မကင္း ရပ္တာကို လုံျခဳံေရးက ေရႊ႕ေပးဖို့ေျပာတာကို ကားသမား က ဆင္းလာၿပီး လုံျခဳံေရးမ်က္ႏွာ ကိုျဖတ္ရိုက္ပါတယ္။ အေျခအတင္ျဖစ္ေနေတာ့ ျပသနာ​ႀကီးလာရင္ သက္ေသ ရွိေအာင္ေရာ၊ စည္းကမ္းမဲ့ ကားရပ္တာကို Viber ကေနတိုင္ဖို့ေရာ ဓာတ္ပုံရိုက္လိုက္ ပါတယ္။

ဒါကို ကားသမားနဲ႔ သူ႔အ​ေဖာ္၂ေယာက္က ရန္လာရွာပါတယ္။ ထိုးမယ္သတ္မယ္ျဖတ္မယ္ ၿခိမ္းေျခာက္ပါတယ္။ ပုံ ဖ်က္ခိုင္းပါတယ္။ ကၽြန္ေတာ္လည္း ဖ်က္မေပးေတာ့ အေျခအေနအေတာ္ တင္းမာသြားပါတယ္။ လုံျခဳံေရးေတြက ရဲေခၚလိုက္ပါတယ္။ ရဲစခန္းေရာက္သြားပါတယ္။ ကားသမားရဲ့အသိ ခရိုင္ရဲဆိုလားလည္း စခန္းလိုက္လာပါတယ္။ လုံျခဳံေရးကိုရိုက္တဲ့ ကိစၥက ခံဝန္ထိုးၿပီး ၿပီးသြားပါတယ္။ ရဲစခန္းက ကၽြန္ေတာ္ဓာတ္ပုံရိုက္တဲ့ကိစၥက နိုင္လြတ္လုံနဲ႔ ၿငိ တဲ့အေၾကာင္း၊ ဓာတ္ပုံရိုက္လို့မရေၾကာင္းေျပာပါတယ္။

ကၽြန္ေတာ္မရွင္းတာက Public area မွာ အခင္းျဖစ္တာကို သက္ေသ အေနနဲ႔ ကူညီနိုင္ေအာင္ ဓာတ္ပုံ ရိုက္တာက ပစ္မွုေျမာက္ပါသလား။ စည္းကမ္းမဲ့ ယာဥ္ကို ဓာတ္ပုံရိုက္ၿပီး Viber ကတိုင္တာက သူမ်ား privacy ကိုခ်ိဳးေဖာက္ ရာ​ေရာက္ပါသလား။ ရဲကေတာ့ ေရာက္တယ္ေျပာ ပါတယ္။ ဒါဆို ဘာလို့ Viber ဓာတ္ပုံသက္ေသ နဲ႔တကြတိုင္ၾကား ဖို့ေၾကျငာထားေသးလဲ။ ျပည္သူတစ္ေယာက္အေနနဲ႔ ကူညီဖို့ ႀကိဳးစားတဲ့သူ ၿခိမ္းေျခာက္ခံရတာကို ရဲတပ္ဖြဲ႕က အ ကာအကြယ္မေပးတဲ့အျပင္ သူတို့ကပါ ထပ္ၿခိမ္းေျခာက္သလို ခံစားေနရလို့ ေမးၾကည့္တာပါ။ ဥပေဒေၾကာင္းအရ ေျဖေပးပါခင္ဗ်။

(မွတ္ခ်က္။ ။ ႏိုင္လြတ္လံုႏွင့္ ျပည္သူခ်င္းတရားစြဲလို႔မရေတာ့ပါ)

ဒီလိုစည္းကမ္းမဲ့ အ႐ိုင္းအစိုင္းtaxi သမားမ်ားကိုအားလံုးဝိုင္းဝန္းေဖာ္ထုတ္သင့္ပါတယ္။

Credit; Original Uploader

Unicode

တာဝန်သိပြည်သူ တစ်ယောက်ရဲ့ ကူညီမှုကို taxi သမား နဲ့ ခရိုင်ရဲဆိုသူတို့ ပူးပေါင်းခြိမ်းခြောက် မှုမြေနီ ကုန်း တွင်ဖြစ် ပွား

ဒီနေ့ ည မြေနီကုန်းစမ်းချောင်းက City Mart သွားရင်း ရန်ဖြစ်နေတာတွေ့ပါတယ်။ Taxi တစ်စီးက မီးပွိုင့်နားမှာ လမ်းနဲ့ရော City mart car parking နဲ့ ရော မလွတ်မကင်း ရပ်တာကို လုံခြုံရေးက ရွှေ့ပေးဖို့ပြောတာကို ကားသမား က ဆင်းလာပြီး လုံခြုံရေးမျက်နှာ ကိုဖြတ်ရိုက်ပါတယ်။ အခြေအတင်ဖြစ်နေတော့ ပြသနာကြီးလာရင် သက်သေ ရှိအောင်ရော၊ စည်းကမ်းမဲ့ ကားရပ်တာကို Viber ကနေတိုင်ဖို့ရော ဓာတ်ပုံရိုက်လိုက် ပါတယ်။

ဒါကို ကားသမားနဲ့ သူ့အဖော်၂ယောက်က ရန်လာရှာပါတယ်။ ထိုးမယ်သတ်မယ်ဖြတ်မယ် ခြိမ်းခြောက်ပါတယ်။ ပုံ ဖျက်ခိုင်းပါတယ်။ ကျွန်တော်လည်း ဖျက်မပေးတော့ အခြေအနေအတော် တင်းမာသွားပါတယ်။ လုံခြုံရေးတွေ က ရဲခေါ်လိုက်ပါတယ်။ ရဲစခန်းရောက်သွားပါတယ်။ ကားသမားရဲ့အသိ ခရိုင်ရဲဆိုလားလည်း စခန်းလိုက်လာပါ တယ်။ လုံခြုံရေးကိုရိုက်တဲ့ ကိစ္စက ခံဝန်ထိုးပြီး ပြီးသွားပါတယ်။ ရဲစခန်းက ကျွန်တော်ဓာတ်ပုံရိုက်တဲ့ကိစ္စက နိုင်လွတ်လုံနဲ့ ငြိ တဲ့အကြောင်း၊ ဓာတ်ပုံရိုက်လို့မရကြောင်းပြောပါတယ်။

ကျွန်တော်မရှင်းတာက Public area မှာ အခင်းဖြစ်တာကို သက်သေ အနေနဲ့ ကူညီနိုင်အောင် ဓာတ်ပုံ ရိုက်တာက ပစ်မှုမြောက်ပါသလား။ စည်းကမ်းမဲ့ ယာဉ်ကို ဓာတ်ပုံရိုက်ပြီး Viber ကတိုင်တာက သူများ privacy ကိုချိုးဖောက် ရာရောက်ပါသလား။ ရဲကတော့ ရောက်တယ်ပြော ပါတယ်။ ဒါဆို ဘာလို့ Viber ဓာတ်ပုံသက်သေ နဲ့တကွတိုင်ကြား ဖို့ကြေငြာထားသေးလဲ။ ပြည်သူတစ်ယောက်အနေနဲ့ ကူညီဖို့ ကြိုးစားတဲ့သူ ခြိမ်းခြောက်ခံရတာကို ရဲတပ်ဖွဲ့က အ ကာအကွယ်မပေးတဲ့အပြင် သူတို့ကပါ ထပ်ခြိမ်းခြောက်သလို ခံစားနေရလို့ မေးကြည့်တာပါ။ ဥပဒေကြောင်းအရ ဖြေပေးပါခင်ဗျ။

(မှတ်ချက်။ ။ နိုင်လွတ်လုံနှင့် ပြည်သူချင်းတရားစွဲလို့မရတော့ပါ)

ဒီလိုစည်းကမ်းမဲ့ အရိုင်းအစိုင်းtaxi သမားများကိုအားလုံးဝိုင်းဝန်းဖော်ထုတ်သင့်ပါတယ်။

Credit; Original Uploader

Leave a Reply

Your email address will not be published. Required fields are marked *