







Unicode

တက္ကစီ မောင်းသမားဆီက ဖုန်းလိမ်နည်း အသစ်

ခုလေးတင် ဖြစ်ခဲ့တာပါ ကျွန်တော့်ဖုံးလေးပါသွားတယ်။ ၈ မိုင်ကနေ မင်္ဂလာဒုံ ဘက် ပြည်လမ်း ပေါ်က ကားကိုမောင်း လာတာပါ စော်ဘွားကြီးကုန်း ပြည်လမ်းမီးပွိင့်ကျော်လေးမှာ ကားကြပ်တော့ ကားကိုဖြည်းဖြည်း မောင်းနေစဉ် မိန်းမ တစ်ယောက် ကားပေါ်အတင်းတက်တယ် ထိုမိန်းမသည် အသက် ၃၀ လောက် ရှိမယ် နဲနဲဝတယ် အင်္ကျီ အဝါရောင် ဝတ်ထားတယ်။

ကိုကြီးရယ် ရှေ့က ပဲခူးကားနောက် အမြန်လိုက်ပေးပါတဲ့ သမီး ရွှေဆွဲကြိုး ပါသွားလို့ တဲ့ ဆွဲကြိုးက ၁၀ သိန်း လောက် တန်တယ် ဆိုပဲ။ ကွန်တော်လဲ ဆွဲကြိုးပါသွားတယ်ဆိုတဲ့ အသံကြားတော့ ကိုယ်ခြင်းစာမိပါတယ် ဒီတော့ ရှေ့ကားကို ကားတွေကြပ်နေတဲ့ကြားထဲက အတင်းလိုက်ပေးပါတယ် ဒါပေမယ့် မောင်းခြင်တိုင်း မောင်းလို့ မရတော့ ဘယ်မီမလဲ။

ကားထဲမှာ ထိုမိန်းမက ဖုံးငှားတယ် သု့ဖုံးဘေကုန်နေလို့ ဖုံးဆက်ပါရစေဆိုလို့ ဖုံးလေးပေးငှားဆက် လိုက်တယ်။ ကျွန်ေ တာ် လည်း ခရေပင်လမ်းခွဲ ကျော်တော့ ရဲစခန်းထဲ ထိုး ဝင်လိုက်တယ် ရည်ရွယ်ချက်က ရဲစခန်းက ဖုံးဆက်ပီး ရှေ့ကားကို ပိတ်ဖို့ပါ။

ရဲစခန်းရှေ့ရောက်တော့ ထိုမိန်းမက အောက်ဆင်းတယ် ကျွန်တော် ဖုံးနဲ့ တဖက်ကို ဆက်နေတုံးပါပဲ။ ထိုမိန်းမက ရဲစခန်းထဲ မဝင်ပဲ ပြည်လမ်းအတိုင်း ဖုံးပြောရင်း ဆက်လျောက်နေတယ်။ ဘယ်ကမှန်း မသီတဲ့ ဆိုင်ကယ် ကယ်ရီ သမားရောက်လာပီး ထိုမိန်းမကို ခေါ်သွာပါလေရော ကျွန်တော့်ဖုံးပါ ပါသွားတာပေါ့ဗျာ။

ဒီမိန်းမ ပုံစံ မကျတော့ဘူး ဆိုတာ ချက်ချင်း သိလိုက်ရပါပီ။ ထိုမိန်းမ နဲ့ ဆိုင်ကယ် ကယ်ရီနောက်ကို ချက်ချင်း ကားနဲ့ လိုက်တာပေါ့။ သို့သော် ဆိုင်ကယ် ကယ်ရီသမားက မင်္ဂလာဒုံးဈေး လမ်းကြားထဲ အမြန် တိုးဝင် ပျောက်ကွယ်သွား ပါတယ်။

ကျွန်တော့်ဖုံး ပါသွားပီ ကျွန်တော် တပတ်ရိုက် ခံလိုက်ရပါတယ် ခင်ဗျာ။ နောက်ကားမှန် နဲ့ တံခါးလော့ မပိတ်မိတော့ အလွယ် ဝင်လို့ ရတာကြောင့် လဲပါတယ်။ ခံလိုက်ပေါ့ ကျွန်တော် ဟုတ်ကဲ့ အားလုံးအတွက် ကျွန်တော့်လို မဖြစ်အောင် သတိပေးမိတာပါ။

Credit; Original uploader

Leave a Reply

Your email address will not be published. Required fields are marked *