ခ်င္းျပည္နယ္ တြန္းဇံၿမိဳ႕နယ္အတြင္း တာဝန္ ထမ္းေဆာင္လ်က္ရွိေသာ ေက်ာင္းဆရာမ အသတ္ ခံရမႈႏွင့္ပတ္သက္၍ ေဒသခံမ်ား ဆႏၵထုတ္ေဖာ္ခဲ့ၿပီး ျပည္နယ္အစိုးရ ကလည္း ျပည္ေထာင္စု အစိုးရသို႔ တင္ျပထားဟုဆို

ခ်င္းျပည္နယ္ တြန္းဇံၿမိဳ႕နယ္အတြင္း တာဝန္ထမ္းေဆာင္ လ်က္ရွိေသာ ေက်ာင္းဆရာမ အသတ္ခံရမႈႏွင့္ပတ္သက္၍ ဒီဇင္ဘာ ၁ ရက္က ဆႏၵထုတ္ေဖာ္ပြဲကို တီးတိန္ ၿမိဳ႕နယ္တြင္ က်င္းပခဲ့ၿပီး အဆိုပါကိစၥႏွင့္ပတ္ သက္၍ ျပည္နယ္အစိုးရ မွလည္း ျပည္ေထာင္စု အစိုးရသို႔ ဆက္လက္တင္ျပ ထားသည္ဟု သိရသည္။

“ကြၽန္ေတာ္တို႔ အျမင္မွာေတာ့ ဒီကိစၥက ျမန္မာႏိုင္ငံတစ္ႏိုင္ငံလုံး အတြက္ လုံၿခဳံမႈ မရွိ တာ အသက္အိုးအိမ္ အႏၲရာယ္ ကို ၿခိမ္းေျခာက္ေနတယ္လို႔ ျမင္ပါတယ္။ လက္ရွိျဖစ္ေနတဲ့အျဖစ္အပ်က္က သူ႔အိမ္ထဲမွာ အသတ္ခံရတယ္။ သူက နယ္စြန္နယ္ဖ်ားမွာ အစိုးရ တာဝန္ကို ထမ္းေဆာင္ေနတဲ့ ဆရာမေလးက သူတာဝန္ထမ္းေဆာင္ေန တဲ့ေနရာမွာ အသတ္ခံရတာ။

သူ႔ရဲ႕ အသတ္ခံရျခင္းက ျပည္ သူတစ္ခုလုံးကို ၿခိမ္းေျခာက္မႈ အၾကမ္းဖက္မႈ လို႔ ျမင္ပါတယ္။ ဒီေန႔ ေဟာေျပာပြဲမွာ ကြၽန္ေတာ္တို႔ လမ္းေလွ်ာက္ပြဲ တင္ထားတဲ့ တာဝန္ ရွိသူေတြ က နစ္နာေတြသူဘက္က ေဆြးေႏြးဖို႔ တင္ထားေပမယ့္ ခြင့္ျပဳတဲ့သူက ပြဲေတာ့ ခြင့္ျပဳေပမယ့္ ကြၽန္ေတာ္ေဟာေျပာဖို႔ ခြင့္မျပဳ ပါဘူးလို႔ သိရပါတယ္။ ဘာလို႔လဲဆို တာကိုေတာ့ မသိရပါဘူး”ဟု အဆိုပါ ဆႏၵထုတ္ေဖာ္ပြဲတြင္ ပါဝင္ခဲ့သူ ကိုလ်န္တြမ္က ေျပာၾကားသည္ ။

အဆိုပါ ဆႏၵထုတ္ေဖာ္ပြဲတြင္ ခ်င္းျပည္ နယ္ႏွင့္ ကေဘာ္ေဒသတြင္း တရားမဝင္ မဏိပူရ္ကသည္းမ်ား အေရး ယူေပး၊အေရးယူေပး၊ ႏိုင္ငံေတာ္ အေျခခံမူ အခန္း ၁ ၊ ပုဒ္မ ၄၂(ခ) ကာကြယ္ေရး တို႔အေရး၊ တို႔အေရး၊ ႏိုင္ငံေတာ္ အေျခခံမူ အခန္း ၁ ၊ ပုဒ္မ ၄၂ (ခ) ခ်ိဳးေဖာက္ သူ တို႔ရန္သူ တို႔ရန္သူ ၊ တြန္းဇံၿမိဳ႕နယ္ မဏိပူရ္ ကသည္းအေရး ဗိုလ္မႉး ခ်ဳပ္ ေဇာ္မင္းထြန္း ေျပာၾကားခ်က္… ေထာက္ခံၾက၊ ေထာက္ခံ ၾက၊ တရားမဝင္ႏိုင္ငံျခားသား မဏိပူရ္ က သည္းလက္ နက္ကိုင္မ်ား… အေရးယူေပး၊ အေရးယူေပး၊ ဆရာမ ဒိမ္လြန္းမာန္အတြက္ တရားမွ်တမႈႏွင့္

အမွန္တရားေပၚေပါက္ေရး …တို႔အေရး…တို႔အေရး၊ ဆရာမဒိမ္လြန္းမာန္ အေပၚ လူ႔ဂုဏ္သိကၡာ ခ်ေျပာ ၾကားေန သူမ်ား ကို အေရးယူေပး၊ အေရးယူေပး၊ CEDAW အပိုဒ္ (၁၅) အရ အမ်ိဳးသမီးမ်ား တရားဥပေဒ ေရွ႕ေမွာက္တန္း တူမႈရရွိေရး တို႔အေရး တို႔အေရးတို႔ကို ေႂကြးေၾကာ္ ခဲ့ၾကၿပီး အဆိုပါ စာသားမ်ား ပါဝင္သည့္ ဗီႏိုင္းမ်ားကို လည္း ကိုင္ေဆာင္ခဲ့ၾက သည္။

“ဒီကိစၥနဲ႔ပတ္သက္ၿပီး အစိုးရရဲ႕ တုံ႔ျပန္မႈက အားရစရာမရွိပါဘူး။ အခု ဆရာမ အသတ္ခံရတာ ၁၀ ရက္ရွိၿပီ။ အစိုးရ ဘက္က ဒီကိစၥနဲ႔ပတ္သက္ၿပီး ေထြေထြ ထူးထူးလႈပ္ရွား တာ မေတြ႕ရပါဘူး ။ အစိုးရ အေနနဲ႔ ကိုယ့္ရဲ႕ မူဝါဒေတြကို အေကာင္အထည္ေဖာ္ေပးေန တဲ့ ဝန္ထမ္းေတြရဲ႕ အသက္အိုးအိမ္လုံၿခဳံေရး ကို တက္ တက္ႂကြႂကြ လုပ္ေပးေစခ်င္ တယ္ ။ တကယ္လို႔ မထင္မွတ္ဘဲ ဒီလိုမ်ိဳး အမႈအခင္း ေတြႀကဳံလာရင္လည္း အခ်ိန္မီ ကိုယ္ခ်င္းစာ ျခင္းအားျဖင့္၊ ေစတနာ ထားျခင္းအားျဖင့္ ဝန္ထမ္းေတြရဲ႕နစ္နာမႈ အသက္အိုးအိမ္ကို မကာကြယ္ႏိုင္ရင္ေတာင္မွ ခံစားေနရတဲ့ ႏွလုံးသားကို ႏွစ္သိမ့္ေပးဖို႔လိုပါတယ္။

အခုဟာက ႏွစ္ သိမ့္ေပးဖို႔ေတာင္ ၾကန႔္ၾကာေနပါတယ္ ။ အခု ဆိုရင္ သူနဲ႔အတူတာဝန္ က်ေနတဲ့ဆရာမ တစ္ေယာက္ေတာင္ မေနရဲေတာ့ပါဘူး။ သူ႔မွာ မလုံၿခဳံေတာ့ဘူးလို႔ ခံစားပါတယ္ ။ အစိုးရဘက္က တာဝန္ယူမႈ တာဝန္ ခံမႈ နည္းတယ္ဆိုရင္ နယ္စပ္ေတြ နယ္ေတြမွာ တာဝန္ထမ္းေဆာင္ဖို႔ ခက္ခဲပါလိမ့္မယ္။ ဝန္ထမ္းေတြ အေရာက္အေ ပါက္နည္းတယ္ဆိုရင္ တရား ဥပေဒစိုးမိုးမႈလည္း နည္းပါးသြားပါလိမ့္မယ္။

တရားဥပေဒစိုးမိုးမႈ၊ အစိုးရရဲ႕ အုပ္ခ်ဳပ္မႈ ယႏၲရားကို ထိထိေရာက္ေရာက္ျဖစ္ေအာင္ ဝန္ထမ္းေတြရဲ႕ အသက္အိုးအိမ္ လုံၿခဳံမႈကို အစိုးရက နားေထာင္ေပးေစ ခ်င္တယ္ ။ ဒီက ေန႔ဆႏၵျပတာကလည္း ျပည္သူေတြက ခံစားရ လြန္းလို႔အေဝး ကေန ကေလး၊ တာဟန္း၊တမူး၊ က်ီခါး၊ ရန္ကုန္ဘက္ ကေန လာၾကတယ္။ ျပည္သူေတြရဲ႕ခံစားခ်က္ကိုလည္း ျပည္သူ႔ အစိုးရက ျပည္သူ႔ခံစားခ်က္ကို မွ်ေဝခံစား ေပးဖို႔ ေတာင္းဆိုခ်င္ပါတယ္”ဟု ကိုလ်န္တြမ္ က ဆက္လက္ေျပာ ၾကား သည္။

အဆိုပါကိစၥႏွင့္ပတ္သက္၍ ခ်င္းျပည္နယ္ အစိုးရ၏ ေဆာင္႐ြက္ေန မႈမ်ားႏွင့္ ပတ္သက္၍ေမးျမန္းခဲ့ရာ” ေက်ာင္း ဆရာမအသတ္ခံရတဲ့ကိစၥနဲ႔ပတ္သက္လို႔ ျဖစ္စဥ္ကို ျပည္နယ္ အစိုးရကေတာ့ ျပည္ေထာင္စုအစိုးရကို တင္ျပထား ပါ တယ္။ ျပည္ေထာင္စု အစိုးရ တင္ျပတာကို ပထမဆုံးလုပ္ပါတယ္။ ျပည္ ေထာင္စုကေ နၿပီးေတာ့ ဒီကိစၥက Criminal ဆိုေတာ့ တ႐ုတ္တို႔ ယိုးဒယားတို႔မွာ ျဖစ္သလိုေပါ့။

ဖမ္းၿပီးရင္ ကြၽန္ေတာ္တို႔ဘက္ ကို ျပန္လႊဲေျပာင္းတာလုပ္ဖို႔ သက္ဆိုင္ရာ ျပည္ထဲေရးတို႔ ႏိုင္ငံျခားေရးဝန္ႀကီး တို႔ကေန ဆက္သြယ္လိမ့္မယ္ထင္ပါတယ္။ ေနာက္တစ္ခုကေ အာက္ေျခမွာလုပ္တာကေတာ့ ဟိုဘက္ ႏိုင္ငံက ေအာက္ေျခအ ဆင့္၊ ဒီဘက္ႏိုင္ငံက ေအာက္ေျခမွာ ညႇိႏႈိင္းၿပီးေတာ့ ဖမ္းဆီးရမိေရးအတြက္ လိုက္လံစုံစမ္းေနတယ္ ။ ေတြ႕ရွိခ်က္ ကို လည္းအၾကမ္းဖ်င္းေတာ့ သတင္းပို႔ ေနပါတယ္ ။ ျဖစ္စဥ္ ျဖစ္ၿပီး ေနာက္တစ္ေန႔မွာ ျဖစ္စဥ္ကို ေရးၿပီး တင္ထားပါ တယ္။

ေနာက္ပိုင္းတိုးတက္မႈကိုလည္း တင္ထားပါတယ္။ ေအာက္ေျခမွာ တိုက္႐ိုက္လုပ္ မရတာက ဒီကိစၥက ႏွစ္ႏိုင္ငံျပႆ နာျဖစ္ေနတယ္။ ကိုယ့္ႏိုင္ငံမွာ Crime ျဖစ္ၿပီးေတာ့ ဟိုဘက္ကို ထြက္ေျပးေတာ့ ကြၽန္ေတာ္တို႔က တိုက္႐ိုက္ ဝင္လုပ္ လို႔မရဘူး။ နယ္စပ္အခ်င္းခ်င္းက ေတာ့ တာဝန္ရွိတဲ့သူေတြက နားလည္မႈနဲ႔ေတာ့ စုံစမ္းေမးျမန္းေန တယ္။ လက္ရွိက မေပၚေပါက္ေသးဘူး” ဟု ခ်င္းျပည္နယ္ အစိုး ရ ေျပာေရးဆိုခြင့္ရ ပုဂၢိဳလ္စည္ပင္ဝန္ႀကီး ဦးစိုးထက္က ေျပာၾကား သည္။

Credit; Eleven Media Group

Unicode

ချင်းပြည်နယ် တွန်းဇံမြို့နယ်အတွင်း တာဝန်ထမ်း ဆောင်လျက်ရှိ သော ကျောင်းဆရာမ အသတ်ခံ ရမှု နှင့် ပတ်သက်၍ ဒေသခံများဆန္ဒ ထုတ် ဖော်ခဲ့ပြီး ပြည်နယ်အစိုးရ ကလည်း ပြည်ထောင်စု အစိုးရသို့ တင် ပြထားဟုဆို

ချင်းပြည်နယ် တွန်းဇံမြို့နယ်အတွင်း တာဝန်ထမ်းဆောင် လျက်ရှိသော ကျောင်းဆရာမ အသတ်ခံရမှုနှင့် ပတ်သက်၍ ဒီဇင်ဘာ ၁ ရက်က ဆန္ဒထုတ်ဖော်ပွဲကို တီးတိန် မြို့နယ်တွင် ကျင်းပခဲ့ပြီး အဆိုပါကိစ္စနှင့်ပတ် သက်၍ ပြည်နယ်အစိုးရ မှလည်း ပြည်ထောင်စု အစိုးရသို့ ဆက်လက်တင်ပြ ထားသည်ဟု သိရသည်။

“ကျွန်တော်တို့ အမြင်မှာတော့ ဒီကိစ္စက မြန်မာနိုင်ငံတစ်နိုင်ငံလုံး အတွက် လုံခြုံမှု မရှိ တာ အသက် အိုး အိမ် အန္တရာယ် ကို ခြိမ်းခြောက်နေတယ်လို့ မြင်ပါတယ်။ လက်ရှိဖြစ်နေတဲ့အဖြစ်အပျက်က သူ့အိမ်ထဲမှာ အသတ်ခံရတယ်။ သူက နယ်စွန်နယ်ဖျားမှာ အစိုးရ တာဝန်ကို ထမ်းဆောင်နေတဲ့ ဆရာမလေးက သူတာဝန်ထမ်းဆောင်နေ တဲ့နေရာမှာ အသတ်ခံရတာ။

သူ့ရဲ့ အသတ်ခံရခြင်းက ပြည် သူတစ်ခုလုံးကို ခြိမ်းခြောက်မှု အကြမ်းဖက်မှု လို့ မြင်ပါတယ်။ ဒီနေ့ ဟောပြောပွဲမှာ ကျွန်တော်တို့ လမ်းလျှောက်ပွဲ တင်ထားတဲ့ တာဝန် ရှိသူတွေ က နစ်နာတွေသူ ဘက်က ဆွေးနွေးဖို့ တင်ထားပေမယ့် ခွင့်ပြုတဲ့သူက ပွဲတော့ ခွင့်ပြုပေမယ့် ကျွန်တော်ဟောပြောဖို့ ခွင့်မပြု ပါဘူးလို့ သိရပါတယ်။ ဘာလို့လဲဆို တာကိုတော့ မသိရပါဘူး”ဟု အဆိုပါ ဆန္ဒထုတ်ဖော်ပွဲတွင် ပါဝင်ခဲ့သူ ကိုလျန်တွမ်က ပြောကြားသည် ။

အဆိုပါ ဆန္ဒထုတ်ဖော်ပွဲတွင် ချင်းပြည် နယ်နှင့် ကဘော်ဒေသတွင်း တရားမဝင် မဏိပူရ်ကသည်း များ အရေး ယူပေး၊အရေးယူပေး၊ နိုင်ငံတော် အခြေခံမူ အခန်း ၁ ၊ ပုဒ်မ ၄၂(ခ) ကာကွယ်ရေး တို့အရေး၊ တို့အရေး၊ နိုင်ငံတော် အခြေခံမူ အခန်း ၁ ၊ ပုဒ်မ ၄၂ (ခ) ချိုးဖောက် သူ တို့ရန်သူ တို့ရန်သူ ၊ တွန်းဇံမြို့နယ် မဏိပူရ် ကသည်းအရေး ဗိုလ်မှူး ချုပ် ဇော်မင်းထွန်း ပြောကြားချက်… ထောက်ခံကြ၊ ထောက်ခံ ကြ၊ တရားမဝင်နိုင်ငံခြားသား မဏိပူရ် က သည်းလက် နက်ကိုင်များ… အရေးယူပေး၊ အရေးယူပေး၊ ဆရာမ ဒိမ်လွန်းမာန်အတွက် တရားမျှတမှုနှင့်

အမှန်တရားပေါ်ပေါက်ရေး …တို့အရေး…တို့အရေး၊ ဆရာမဒိမ်လွန်းမာန် အပေါ် လူ့ဂုဏ်သိက္ခာ ချပြောကြားနေ သူများ ကို အရေးယူပေး၊ အရေးယူပေး၊ CEDAW အပိုဒ် (၁၅) အရ အမျိုးသမီးများ တရားဥပဒေ ရှေ့မှောက်တန်း တူမှုရရှိရေး တို့အရေး တို့အရေးတို့ကို ကြွေးကြော် ခဲ့ကြပြီး အဆိုပါ စာသားများ ပါဝင်သည့် ဗီနိုင်းများကို လည်း ကိုင်ဆောင်ခဲ့ကြ သည်။

“ဒီကိစ္စနဲ့ပတ်သက်ပြီး အစိုးရရဲ့ တုံ့ပြန်မှုက အားရစရာမရှိပါဘူး။ အခု ဆရာမ အသတ်ခံရတာ ၁၀ ရက်ရှိပြီ။ အစိုးရ ဘက်က ဒီကိစ္စနဲ့ပတ်သက်ပြီး ထွေထွေ ထူးထူးလှုပ်ရှား တာ မတွေ့ရပါဘူး ။ အစိုးရ အနေနဲ့ ကိုယ့်ရဲ့ မူဝါဒတွေကို အကောင်အထည်ဖော်ပေးနေ တဲ့ ဝန်ထမ်းတွေရဲ့ အသက်အိုးအိမ်လုံခြုံရေး ကို တက်တက်ကြွကြွလုပ် ပေးစေချင် တယ် ။ တကယ်လို့ မထင်မှတ်ဘဲ ဒီလိုမျိုး အမှုအခင်း တွေကြုံ လာ ရင်လည်း အချိန်မီ ကိုယ်ချင်းစာ ခြင်းအားဖြင့်၊ စေတနာ ထားခြင်းအားဖြင့် ဝန်ထမ်းတွေရဲ့နစ်နာမှု အသက်အိုးအိမ်ကို မကာကွယ်နိုင်ရင်တောင် မှ ခံစားနေရတဲ့ နှလုံးသားကို နှစ်သိမ့်ပေးဖို့လိုပါ တယ်။

အခုဟာက နှစ် သိမ့်ပေးဖို့တောင် ကြန့်ကြာနေပါတယ် ။ အခု ဆိုရင် သူနဲ့အတူတာဝန် ကျနေတဲ့ဆရာမ တစ် ယောက် တောင် မနေရဲတော့ပါဘူး။ သူ့မှာ မလုံခြုံတော့ဘူးလို့ ခံစားပါတယ် ။ အစိုးရဘက်က တာဝန်ယူမှု တာဝန် ခံမှု နည်းတယ်ဆိုရင် နယ်စပ်တွေ နယ်တွေမှာ တာဝန်ထမ်းဆောင်ဖို့ ခက်ခဲပါလိမ့်မယ်။ ဝန်ထမ်းတွေ အရောက်အေ ပါက်နည်းတယ်ဆိုရင် တရား ဥပဒေစိုးမိုးမှုလည်း နည်းပါးသွားပါလိမ့်မယ်။

တရားဥပဒေစိုးမိုးမှု၊ အစိုးရရဲ့ အုပ်ချုပ်မှု ယန္တရားကို ထိထိရောက်ရောက်ဖြစ်အောင် ဝန်ထမ်းတွေရဲ့ အသက် အိုးအိမ် လုံခြုံမှုကို အစိုးရက နားထောင်ပေးစေ ချင်တယ် ။ ဒီက နေ့ဆန္ဒပြတာကလည်း ပြည်သူတွေက ခံစားရ လွန်းလို့အဝေး ကနေ ကလေး၊ တာဟန်း၊တမူး၊ ကျီခါး၊ ရန်ကုန်ဘက် ကနေ လာကြတယ်။ ပြည်သူတွေရဲ့ ခံစားချက် ကိုလည်း ပြည်သူ့ အစိုးရက ပြည်သူ့ခံစားချက်ကို မျှဝေခံစား ပေးဖို့ တောင်းဆိုချင် ပါ တယ်”ဟု ကိုလျန်တွမ် က ဆက်လက်ပြော ကြား သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ချင်းပြည်နယ် အစိုးရ၏ ဆောင်ရွက်နေ မှုများနှင့် ပတ်သက်၍မေး မြန်းခဲ့ရာ” ကျောင်း ဆရာမအသတ်ခံရတဲ့ကိစ္စနဲ့ပတ်သက်လို့ ဖြစ်စဉ်ကို ပြည်နယ် အစိုးရကတော့ ပြည်ထောင်စုအစိုးရကို တင်ပြထား ပါ တယ်။ ပြည်ထောင်စု အစိုးရ တင်ပြတာကို ပထမဆုံးလုပ်ပါတယ်။ ပြည် ထောင်စုကေ နပြီးတော့ ဒီကိစ္စက Criminal ဆိုတော့ တရုတ်တို့ ယိုးဒယားတို့မှာ ဖြစ်သလိုပေါ့။

ဖမ်းပြီးရင် ကျွန်တော်တို့ဘက် ကို ပြန်လွှဲပြောင်းတာလုပ်ဖို့ သက်ဆိုင်ရာ ပြည်ထဲရေးတို့ နိုင်ငံခြားရေး ဝန်ကြီး တို့ကနေ ဆက်သွယ်လိမ့်မယ်ထင်ပါတယ်။ နောက်တစ်ခုကေ အာက်ခြေမှာလုပ်တာကတော့ ဟိုဘက် နိုင်ငံက အောက်ခြေအ ဆင့်၊ ဒီဘက်နိုင်ငံက အောက်ခြေမှာ ညှိနှိုင်းပြီးတော့ ဖမ်းဆီးရမိရေး အတွက် လိုက်လံစုံစမ်း နေတယ် ။ တွေ့ရှိချက် ကို လည်းအကြမ်းဖျင်းတော့ သတင်းပို့ နေပါတယ် ။ ဖြစ်စဉ် ဖြစ်ပြီး နောက်တစ်နေ့မှာ ဖြစ်စဉ်ကို ရေးပြီး တင်ထားပါ တယ်။

နောက်ပိုင်းတိုးတက်မှုကိုလည်း တင်ထားပါတယ်။ အောက်ခြေမှာ တိုက်ရိုက်လုပ် မရတာက ဒီကိစ္စ က နှစ်နိုင်ငံပြဿ နာဖြစ်နေတယ်။ ကိုယ့်နိုင်ငံမှာ Crime ဖြစ်ပြီးတော့ ဟိုဘက်ကို ထွက်ပြေးတော့ ကျွန်တော်တို့က တိုက်ရိုက် ဝင်လုပ် လို့မရဘူး။ နယ်စပ်အချင်းချင်းက တော့ တာဝန်ရှိတဲ့သူတွေက နားလည်မှုနဲ့တော့ စုံစမ်းမေးမြန်းနေ တယ်။ လက်ရှိက မပေါ်ပေါက်သေးဘူး” ဟု ချင်းပြည်နယ် အစိုး ရ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်စည်ပင်ဝန်ကြီး ဦးစိုးထက်က ပြောကြား သည်။

Credit; Eleven Media Group

Leave a Reply

Your email address will not be published. Required fields are marked *