မိုင္းတုံတြင္ အမ်ိဳးသားတစ္ဦး ႀကိဳးဆြဲခ် ေသဆုံး

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ မိုင္းတုံၿမိဳ႕၊ ေနာင္ပါရင္ ရပ္ကြက္ရွိ ေနအိမ္၀န္းအတြင္းမွ သစ္ပင္တြင္ ဒီဇင္ဘာလ ၂ ရက္၊ နံနက္ ၆ နာရီခန႔္က ႀကိဳးဆြဲခ် ေသဆုံးေနသည့္ အမ်ိဳးသား တစ္ဦး၏ ႐ုပ္အေလာင္းကို ေတြ႕ရွိခဲ့ေၾကာင္း မိုင္းတုံၿမိဳ႕မ ရဲစခန္းမွ သိရသည္။

ေသဆုံးသူမွာ လြယ္ခမ္းလုံအုပ္စု၊ ၆ မိုင္ေက်း႐ြာေန အသက္ ၄၅ ႏွစ္အ႐ြယ္ ေထာေမ ဆိုသူျဖစ္ၿပီး ၄င္း လာေရာက္ တည္းခိုေသာ ေနအိမ္၏ အေနာက္ဖက္ရွိ ပိႏၷဲပင္၏ ေပ ၂၀ ခန႔္ ျမင့္ေသာ သစ္ကိုင္းတြင္ ႏိုင္လြန္ႀကိဳးအား အသုံးျပဳ၍ ႀကိဳးဆြဲခ် ေသဆုံးေနျခင္း ျဖစ္ေၾကာင္း သိရသည္။

“ သူ႔ရဲ႕ သားက သူ႔ အေဖအေနနဲ႔ ဒီအိမ္ကို မိုင္းတုံ လာတိုင္း အၿမဲလို လာေရာက္ တည္းခိုေနတာပါ၊ မေန႔က ညေနပိုင္း အျပင္ သြားေနတယ္ပဲ ထင္တာ၊ ဒီမနက္မွာ အိမ္ေဘးက ျမင္လို႔ သူ ေသေနတာကို သိရတယ္လို႔ ေျပာတယ္” ဟု မိုင္းတုံၿမိဳ႕မရဲစခန္းမွ စခန္းမႉး ဒုရဲမႉး သန္းလြင္က ကေမာၻဇတိုင္းသို႔ ေျပာသည္။

ေသဆုံးသူသည္ ႀကိဳးဆြဲခ် ေသဆုံးခဲ့ေသာ သစ္ပင္ဘက္သို႔ အခ်ိန္ အေတာ္ၾကာ ထိုင္ၾကည့္ေနခဲ့သည္ကို ေတြ႕ျမင္ ခဲ့ရၿပီး မည္သည့္အခ်ိန္၌ သတ္ေသသြားသည္ကို မသိရွိရေၾကာင္း သားျဖစ္သူက ေျပာသည္။

အဆိုပါ ေသဆုံးသူ၏ ႐ုပ္အေလာင္းအား မိုင္းတုံေဆး႐ုံသို႔ ပို႔ေဆာင္ၿပီးေနာက္ ေသမႈေသခင္း ဖြင့္လွစ္ကာ ဓမၼတာ အတိုင္း ေသဆုံးျခင္း ဟုတ္/မဟုတ္ စုံစမ္းစစ္ေဆးလ်က္ရွိေၾကာင္း မိုင္းတုံၿမိဳ႕မရဲစခန္းမွ သိရသည္။

Credit; Kanbawzatai

Unicode

မိုင်းတုံတွင် အမျိုးသား တစ်ဦး ကြိုးဆွဲချ သေဆုံး

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းတုံမြို့၊ နောင်ပါရင် ရပ်ကွက်ရှိ နေအိမ်ဝန်းအတွင်းမှ သစ်ပင်တွင် ဒီဇင်ဘာလ ၂ ရက်၊ နံနက် ၆ နာရီခန့်က ကြိုးဆွဲချ သေဆုံးနေသည့် အမျိုးသား တစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း မိုင်းတုံမြို့မ ရဲစခန်းမှ သိရသည်။

သေဆုံးသူမှာ လွယ်ခမ်းလုံအုပ်စု၊ ၆ မိုင်ကျေးရွာနေ အသက် ၄၅ နှစ်အရွယ် ထောမေ ဆိုသူဖြစ်ပြီး ၎င်း လာရောက် တည်းခိုသော နေအိမ်၏ အနောက်ဖက်ရှိ ပိန္နဲပင်၏ ပေ ၂၀ ခန့် မြင့်သော သစ်ကိုင်းတွင် နိုင်လွန်ကြိုးအား အသုံးပြု၍ ကြိုးဆွဲချ သေဆုံးနေခြင်း ဖြစ်ကြောင်း သိရသည်။

“ သူ့ရဲ့ သားက သူ့ အဖေအနေနဲ့ ဒီအိမ်ကို မိုင်းတုံ လာတိုင်း အမြဲလို လာရောက် တည်းခိုနေတာပါ၊ မနေ့က ညနေပိုင်း အပြင် သွားနေတယ်ပဲ ထင်တာ၊ ဒီမနက်မှာ အိမ်ဘေးက မြင်လို့ သူ သေနေတာကို သိရတယ်လို့ ပြောတယ်” ဟု မိုင်းတုံမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး သန်းလွင်က ကမ္ဘောဇတိုင်းသို့ ပြောသည်။

သေဆုံးသူသည် ကြိုးဆွဲချ သေဆုံးခဲ့သော သစ်ပင်ဘက်သို့ အချိန် အတော်ကြာ ထိုင်ကြည့်နေခဲ့သည်ကို တွေ့မြင် ခဲ့ရပြီး မည်သည့်အချိန်၌ သတ်သေသွားသည်ကို မသိရှိရကြောင်း သားဖြစ်သူက ပြောသည်။

အဆိုပါ သေဆုံးသူ၏ ရုပ်အလောင်းအား မိုင်းတုံဆေးရုံသို့ ပို့ဆောင်ပြီးနောက် သေမှုသေခင်း ဖွင့်လှစ်ကာ ဓမ္မတာ အတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း မိုင်းတုံမြို့မရဲစခန်းမှ သိရသည်။

Credit; Kanbawzatai

Leave a Reply

Your email address will not be published. Required fields are marked *