ေတာင္ႀကီး တန္ေဆာင္တိုင္ မီးပုံးပ်ံလႊတ္ ကြင္း အတြင္း စည္းကမ္း ခ်က္မ်ား တိုးျမႇင့္ထား

ရွမ္းျပည္နယ္ ေတာင္ႀကီး တန္ေဆာင္တိုင္ မီးပုံးပ်ံ ပြဲေတာ္တြင္ အေဝရာ ကုန္းသာယာ လႊတ္ကြင္းအတြင္း အဆင္ေျပ မႈ ရွိ မရွိ ႏိုဝင္ဘာ ၇ ရက္ ေန႔လယ္ပိုင္းတြင္ ဝန္ႀကီး လိုက္လံစစ္ေဆး ခဲ့ၿပီး စည္းကမ္းခ်က္မ်ား တိုးျမႇင့္ ထားေၾကာင္း ရွမ္းျပည္နယ္အစိုးရ အဖြဲ႕ထံမွ သိရသည္။

ေတာင္ႀကီး တန္ေဆာင္တိုင္ မီးပုံးပ်ံပြဲေတာ္တြင္ အေဝရာကုန္းသာယာ လႊတ္ကြင္းအတြင္း အဆင္ေျပမႈ ရွိမရွိ ႏိုဝင္ဘာ ၇ ရက္ ညေန ၃ နာရီတြင္ အစိုးရအဖြဲ႕ လွ်ပ္စစ္စြမ္းအင္ႏွင့္ စက္မႈဝန္ႀကီး ဦးစိုင္းရွဲန္ တစ္လုံက သက္ဆိုင္ရာ တာဝန္ရွိသူမ်ားႏွင့္ အစည္းအေဝးျပဳလုပ္ကာ ကြင္းအတြင္းလွည့္ လည္ကာ လိုက္လံစစ္ေဆးခဲ့ၿပီး စည္းကမ္းခ်က္မ်ား တိုးျမႇင့္ထားေၾကာင္း ရွမ္းျပည္နယ္ အစိုးရ အဖြဲ႕ထံမွ သိရသည္။

ေတာင္ႀကီးၿမိဳ႕ တန္ေဆာင္တိုင္ မီးပုံးပ်ံလႊတ္ကြင္း ပတ္ပတ္လည္ ကာရံထားေသာ သံဆန္ခါမ်ားကို လြန္ခဲ့ေသာ ႏိုဝင္ဘာ ၆ ရက္ ညပိုင္းက သုံးခန္းခန႔္ ဖ်က္ဆီးခံရသည္ကို ႏိုဝင္ဘာ ၇ ရက္တြင္ ျပန္လည္ျပဳျပင္ ခဲ့ၿပီး လႊတ္ကြင္း ပတ္ပတ္လည္ ေပ ၄၀ ထြက္ေပါက္ႀကီး ေျခာက္ေပါက္ေရွ႕တြင္ လည္း ပ်ံက်ေစ်းသည္မ်ား မရွိေစရန္ ရွင္းလင္းခဲ့ၿပီး လက္ ရွိေရာင္းခ်ေနေသာ ပ်ံက်ေစ်းသည္မ်ားကို အဆင္ေျပမႈ ရွိမရွိ ေမးျမန္း ခဲ့ၿပီး ေနရာခ်ထားေ ပးခဲ့ေၾကာင္း သိရ သည္။ ထို႔ျပင္ အဆင္မေျပ ျဖစ္ေ နေသာ ကားပါကင္ ေစ်းပိုေကာက္ေသာ ကိစၥရပ္ကို လည္း ဗီႏိုင္းမ်ား ထုတ္ခိုင္းထား ၿပီး ကားရပ္နားရန္ ႏွစ္နာရီအတြင္း သတ္မွတ္ႏႈန္းထား အတိုင္းျဖစ္ၿပီး ေနာက္ထပ္တစ္နာရီ တိုးတိုင္းႏႈန္း ထားအတိုင္း တစ္ဆတိုးျမႇင့္သြား မည္ျဖစ္ကာ ႏိုဝင္ဘာ ၈ ရက္တြင္ ဗီႏိုင္းမ်ားကပ္၍ ေၾကညာေပးသြား မည္ျဖစ္ေၾကာင္း ဝန္ႀကီးက ၫႊန္ၾကားေပး ခဲ့သည္။

“ကားပါကင္မွာ ႏႈန္းထားေတြ ေျပာင္းတယ္။ ပထမသတ္မွတ္ထား တဲ့အတိုင္း ႏွစ္နာရီအတြင္း အဲဒီအတိုင္းပဲ တစ္နာရီ တိုး တိုင္းမွာ ဆတိုးေကာက္မယ္။ တခ်ိဳ႕က ႏွစ္ရက္သုံးရက္ ကားထိုးထား တယ္။ အဲလိုျဖစ္ေနတယ္။ ဗီႏိုင္းလည္း ကပ္ မယ္။ တိုင္ၾကားတဲ့ေနရာေတြလည္း ထည့္မယ္။ လႊတ္ကြင္းကို က်ိဳးတဲ့သံဆန္ခါေတြ ျပန္ကာတယ္။ ပ်ံက်ေစ်း သည္ေတြ ကို လႊတ္ကြင္းပတ္ပတ္လည္မွာ ေပ ၄၀ ထြက္ေပါက္ႀကီး ေျခာက္ေပါက္ေပးထားတယ္။ ပ်ံက်ေတြကို စနစ္တက်ေနရာခ်တယ္။

မနက္ျဖန္မွာ တစ္ခါတည္း ဗီႏိုင္းရမယ္။ ရပ္တဲ့အခ်ိန္က ေနစၿပီး နာရီနဲ႔မွတ္ထား ၿပီးေတာ့ ေဘာင္ခ်ာျဖတ္ထားမွာေပါ့။ တစ္နာရီေက်ာ္ရင္ ၃၀၀၀ ထပ္တိုးမယ္။ ဥပမာ ေလးနာရီရပ္မယ္ဆိုရင္ေတာ့ ႏွစ္နာရီကို ၃၀၀၀ က်ပ္၊ တစ္နာရီ ကို ၃၀၀၀ က်ပ္တိုးေတာ့ စုစုေပါင္း ၉၀၀၀ က်ပ္ ျဖစ္သြား မယ္ေပါ့။ အဲဒီေနရာေတြက အစိုးရလုပ္ပိုင္ ခြင့္ျပဳထားတဲ့ လုပ္ ကြက္ ၁၊ ၂၊ ၃ ေတြ နဲ႔ပဲသက္ဆိုင္တယ္။ တျခားေနရာေတြ နဲ႔ မဆိုင္ဘူး။ အဲဒါကို ပြဲလာပရိသတ္ေတြ သိေအာင္ေျပာျပရ မယ္” ဟု ေတာင္ႀကီးၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉး ဦးၿဖိဳးမင္းထိုက္က ေျပာၾကားသည္။

ထိုသို႔ ယာဥ္ရပ္နားခစည္းကမ္းမ်ား သတ္မွတ္ျခင္း သည္ အစိုးရ လုပ္ကိုင္ခြင့္ျပဳထားေသာ သတ္မွတ္ဧရိယာ အတြင္း လုပ္ကြက္ ၁၊၂၊ ၃ အတြင္းသာျဖစ္ ၿပီး အျခားေနရာမ်ားႏွင့္ မသက္ဆိုင္သျဖင့္ ပြဲလာပရိသတ္ မ်ား အေနျဖင့္ အဆို ပါေနရာ မ်ားကို ေ႐ြးခ်ယ္အသုံးျပဳရန္ လိုအပ္ေၾကာင္း ပြဲဦးစီးေကာ္မတီ က ေျပာထားသည္။

ေတာင္ႀကီးတန္ေဆာင္ တိုင္ပြဲေတာ္ မူလတင္ဒါေခၚယူစဥ္က ဆိုင္ကယ္တစ္စီး လွ်င္ တစ္ေထာင္က်ပ္၊ ေမာ္ေတာ္ ယာဥ္ တစ္စီးလွ်င္ သုံးေထာင္က်ပ္သာ ေကာက္ခံရ မည္ဟု ပဋိညာဥ္ရွိထားၿပီး ယခုပြဲတြင္း ဖြင့္ပြဲညမွာတင္ ေမာ္ေတာ္ ယာဥ္တစ္စီး တစ္ေသာင္းက်ပ္ ေကာက္ခံျခင္း သည္ ႐ုပ္ဆိုးေသာ ကိစၥရပ္ျဖစ္ၿပီး ေနာက္ပိုင္းရက္ မ်ားတြင္ ပိုမိုဆိုး ႐ြားႏိုင္ေၾကာင္း၊ လုံးဝမျဖစ္သင့္ေၾကာင္း ပြဲလာပရိ သတ္ ျပည္သူမ်ားက ေထာက္ျပေျပာဆိုေန ၾကျခင္း ျဖစ္သည္။

ေတာင္ႀကီး တန္ေဆာင္တိုင္ မီးပုံးပ်ံ ပြဲေတာ္၊ စတုတၳေန႔၊ ႏိုဝင္ဘာ ၇ ရက္တြင္ ေန႔လႊတ္ အ႐ုပ္ေပါင္း ၃၃ လုံးႏွင့္ ည လႊတ္ေပါင္း စိန္နားပန္ မီးပုံးပ်ံ ေလးလုံး ၊ ညမီးႀကီး ၁၁ လုံး၊ စုစုေပါင္း ၁၅ လုံးတိတိ လႊတ္တင္သြား မည္ျဖစ္ေၾကာင္း သိရသည္။

ေတာင္ႀကီးၿမိဳ႕ တန္ေဆာင္တိုင္ ႐ိုးရာ မီးပုံးပ်ံပြဲေတာ္ႀကီး လာမည့္ ႏိုဝင္ဘာ ၄ ရက္မွ ၁၂ ရက္အထိ ရွစ္ည ကိုးရက္ တိုင္တိုင္ က်င္းပေပးသြား မည္ျဖစ္ကာ အကယ္၍ ရာသီဥတု အေျခအေနေ ၾကာင့္၊ အေၾကာင္းအမ်ိဳး မ်ိဳးေၾကာင့္ လႊတ္ တင္ ခြင့္မရေသာ မီးပုံးပ်ံရွိခဲ့လွ်င္ ဆုေပးပြဲကို ေနာက္တစ္ရက္ ဆုတ္၍ တစ္ရက္တိုးကာ က်င္းပသြား မည္ျဖစ္ေၾကာင္း ရွမ္းျပည္နယ္အစိုးရ အဖြဲ႕က ေျပာၾကားထားသည္။

Credit; Eleven Media Group

Unicode

တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံလွှတ် ကွင်း အတွင်း စည်းကမ်းချက်များ တိုးမြှင့်ထား

ရှမ်းပြည်နယ် တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံ ပွဲတော်တွင် အဝေရာ ကုန်းသာယာ လွှတ်ကွင်း အတွင်း အဆင်ပြေ မှု ရှိ မရှိ နိုဝင်ဘာ ၇ ရက် နေ့လယ်ပိုင်းတွင် ဝန်ကြီး လိုက်လံစစ်ဆေး ခဲ့ပြီး စည်းကမ်းချက်များ တိုးမြှင့် ထားကြောင်း ရှမ်းပြည်နယ်အစိုးရ အဖွဲ့ထံမှ သိရသည်။

တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပွဲတော်တွင် အဝေရာကုန်းသာယာ လွှတ်ကွင်းအတွင်း အဆင်ပြေမှု ရှိမရှိ နိုဝင်ဘာ ၇ ရက် ညနေ ၃ နာရီတွင် အစိုးရအဖွဲ့ လျှပ်စစ်စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးစိုင်းရှဲန် တစ်လုံက သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် အစည်းအဝေးပြုလုပ်ကာ ကွင်းအတွင်းလှည့် လည်ကာ လိုက်လံစစ်ဆေးခဲ့ပြီး စည်းကမ်းချက်များ တိုးမြှင့်ထားကြောင်း ရှမ်းပြည်နယ် အစိုးရ အဖွဲ့ထံမှ သိရသည်။

တောင်ကြီးမြို့ တန်ဆောင်တိုင် မီးပုံးပျံလွှတ်ကွင်း ပတ်ပတ်လည် ကာရံထားသော သံဆန်ခါများကို လွန်ခဲ့သော နိုဝင်ဘာ ၆ ရက် ညပိုင်းက သုံးခန်းခန့် ဖျက်ဆီးခံရသည်ကို နိုဝင်ဘာ ၇ ရက်တွင် ပြန်လည်ပြုပြင် ခဲ့ပြီး လွှတ်ကွင်း ပတ်ပတ်လည် ပေ ၄၀ ထွက်ပေါက်ကြီး ခြောက်ပေါက်ရှေ့တွင် လည်း ပျံကျဈေးသည်များ မရှိစေရန် ရှင်းလင်းခဲ့ပြီး လက် ရှိရောင်းချနေသော ပျံကျဈေးသည်များကို အဆင်ပြေမှု ရှိမရှိ မေးမြန်း ခဲ့ပြီး နေရာချထားေ ပးခဲ့ကြောင်း သိရ သည်။ ထို့ပြင် အဆင်မပြေ ဖြစ်ေ နသော ကားပါကင် ဈေးပိုကောက်သော ကိစ္စရပ်ကို လည်း ဗီနိုင်းများ ထုတ်ခိုင်းထား ပြီး ကားရပ်နားရန် နှစ်နာရီအတွင်း သတ်မှတ်နှုန်းထား အတိုင်းဖြစ်ပြီး နောက်ထပ်တစ်နာရီ တိုးတိုင်းနှုန်း ထားအတိုင်း တစ်ဆတိုးမြှင့်သွား မည်ဖြစ်ကာ နိုဝင်ဘာ ၈ ရက်တွင် ဗီနိုင်းများကပ်၍ ကြေညာပေးသွား မည်ဖြစ်ကြောင်း ဝန်ကြီးက ညွှန်ကြားပေး ခဲ့သည်။

“ကားပါကင်မှာ နှုန်းထားတွေ ပြောင်းတယ်။ ပထမသတ်မှတ်ထား တဲ့အတိုင်း နှစ်နာရီအတွင်း အဲဒီအတိုင်းပဲ တစ်နာရီ တိုး တိုင်းမှာ ဆတိုးကောက်မယ်။ တချို့က နှစ်ရက်သုံးရက် ကားထိုးထား တယ်။ အဲလိုဖြစ်နေတယ်။ ဗီနိုင်းလည်း ကပ် မယ်။ တိုင်ကြားတဲ့နေရာတွေလည်း ထည့်မယ်။ လွှတ် ကွင်းကို ကျိုးတဲ့သံဆန်ခါတွေ ပြန်ကာတယ်။ ပျံကျဈေး သည်တွေ ကို လွှတ်ကွင်းပတ်ပတ် လည်မှာ ပေ ၄၀ ထွက်ပေါက်ကြီး ခြောက်ပေါက်ပေးထားတယ်။ ပျံကျတွေကို စနစ်တကျနေရာချတယ်။

မနက်ဖြန်မှာ တစ်ခါတည်း ဗီနိုင်းရမယ်။ ရပ်တဲ့အချိန်က နေစပြီး နာရီနဲ့မှတ်ထား ပြီးတော့ ဘောင်ချာ ဖြတ် ထားမှာပေါ့။ တစ်နာရီကျော်ရင် ၃၀၀၀ ထပ်တိုးမယ်။ ဥပမာ လေးနာရီရပ်မယ်ဆိုရင်တော့ နှစ် နာရီကို ၃၀၀၀ ကျပ်၊ တစ်နာရီ ကို ၃၀၀၀ ကျပ်တိုးတော့ စုစုပေါင်း ၉၀၀၀ ကျပ် ဖြစ်သွား မယ်ပေါ့။ အဲဒီ နေရာတွေက အစိုးရလုပ်ပိုင် ခွင့်ပြုထားတဲ့ လုပ် ကွက် ၁၊ ၂၊ ၃ တွေ နဲ့ပဲသက်ဆိုင်တယ်။ တခြားနေရာတွေ နဲ့ မဆိုင်ဘူး။ အဲဒါကို ပွဲလာပရိသတ် တွေ သိအောင်ပြောပြရ မယ်” ဟု တောင်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဖြိုးမင်းထိုက်က ပြောကြားသည်။

ထိုသို့ ယာဉ်ရပ်နားခစည်းကမ်းများ သတ်မှတ်ခြင်း သည် အစိုးရ လုပ်ကိုင်ခွင့်ပြုထားသော သတ်မှတ် ဧရိယာ အတွင်း လုပ်ကွက် ၁၊၂၊ ၃ အတွင်းသာဖြစ် ပြီး အခြားနေရာများနှင့် မသက်ဆိုင်သဖြင့် ပွဲလာပရိ သတ် များ အနေဖြင့် အဆို ပါနေရာ များကို ရွေးချယ်အသုံးပြုရန် လိုအပ်ကြောင်း ပွဲဦးစီးကော်မတီ က ပြောထားသည်။

တောင်ကြီးတန်ဆောင် တိုင်ပွဲတော် မူလတင်ဒါခေါ်ယူစဉ်က ဆိုင်ကယ်တစ်စီး လျှင် တစ်ထောင်ကျပ်၊ မော်တော် ယာဉ် တစ်စီးလျှင် သုံးထောင်ကျပ်သာ ကောက်ခံရ မည်ဟု ပဋိညာဉ်ရှိထားပြီး ယခုပွဲတွင်း ဖွင့်ပွဲညမှာတင် မော်တော် ယာဉ်တစ်စီး တစ်သောင်းကျပ် ကောက်ခံခြင်း သည် ရုပ်ဆိုးသော ကိစ္စရပ်ဖြစ်ပြီး နောက်ပိုင်းရက် များတွင် ပိုမိုဆိုး ရွားနိုင်ကြောင်း၊ လုံးဝမဖြစ်သင့်ကြောင်း ပွဲလာပရိ သတ် ပြည်သူများက ထောက်ပြပြောဆိုနေ ကြခြင်း ဖြစ်သည်။

တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံ ပွဲတော်၊ စတုတ္ထနေ့၊ နိုဝင်ဘာ ၇ ရက်တွင် နေ့လွှတ် အရုပ်ပေါင်း ၃၃ လုံးနှင့် ည လွှတ်ပေါင်း စိန်နားပန် မီးပုံးပျံ လေးလုံး ၊ ညမီးကြီး ၁၁ လုံး၊ စုစုပေါင်း ၁၅ လုံးတိတိ လွှတ်တင်သွား မည်ဖြစ်ကြောင်း သိရသည်။

တောင်ကြီးမြို့ တန်ဆောင်တိုင် ရိုးရာ မီးပုံးပျံပွဲတော်ကြီး လာမည့် နိုဝင်ဘာ ၄ ရက်မှ ၁၂ ရက်အထိ ရှစ်ည ကိုးရက် တိုင်တိုင် ကျင်းပပေးသွား မည်ဖြစ်ကာ အကယ်၍ ရာသီဥတု အခြေအနေေ ကြာင့်၊ အကြောင်းအမျိုး မျိုးကြောင့် လွှတ် တင် ခွင့်မရသော မီးပုံးပျံရှိခဲ့လျှင် ဆုပေးပွဲကို နောက်တစ်ရက် ဆုတ်၍ တစ်ရက်တိုးကာ ကျင်းပသွား မည်ဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရ အဖွဲ့က ပြောကြားထားသည်။

Credit; Eleven Media Group

Leave a Reply

Your email address will not be published. Required fields are marked *