ပဲခူးစက္မႈဇုန္တြင္ လုပ္သားရွစ္ေသာင္း ခန႔္ျဖင့္ စက္႐ုံ ၄၂ ႐ုံ လည္ပတ္ေနၿပီး ရန္ကုန္တိုင္းမွ ပိတ္ သိမ္း သြားေသာ စက္႐ုံမ်ား လာေရာက္ ကမ္း လွမ္းေန

ပဲခူးၿမိဳ႕ ရပ္ကြက္ႀကီး (၈) ႏွင့္ ရပ္ကြက္ႀကီး (၉) တို႔တြင္ ပဲခူးျပည္တြင္းျပည္ပစက္မႈဇုန္ကို ယခင္အစိုးရ လက္ထက္ ၂၀၁၃ ခုႏွစ္က စတင္အေကာင္ အထည္ေဖာ္ ေဆာင္႐ြက္ခဲ့ၿပီး ယခု အခါ စက္႐ုံေပါင္း ၄၂ ႐ုံ လည္ပတ္ေန ကာ အ လုပ္သမား ရွစ္ေသာင္းခန႔္ကို အလုပ္အကိုင္ေပး ထားႏိုင္ၿပီး ရန္ကုန္တိုင္းေဒသႀကီးမွ ပိတ္သိမ္းသြားေသာစက္႐ုံ မ်ားပါ ပဲခူးစက္မႈဇုန္ တြင္ ျပန္လည္လုပ္ကိုင္ရန္ လာေရာက္ကမ္းလွမ္း ထားေၾကာင္း သိရသည္။

ပဲခူးစက္မႈဇုန္တြင္ လာေရာက္ရင္းႏွီးျမႇဳပ္ႏွံ သူမ်ားအား ငါးႏွစ္အခြန္ကင္းလြတ္ ခြင့္ျပဳျခင္း၊ စက္႐ုံေဆာက္ လုပ္ေရး ကာလ ကို ႏွစ္ႏွစ္အခြန္ကင္းလြတ္ခြင့္ျပဳျခင္း၊ အလုပ္ရွင္ အလုပ္သမား ျပႆနာမ်ားကို တာဝန္ရွိ အ ဖြဲ႕အစည္းမ်ားက စုေပါင္းအေျဖရွာရွင္းလင္းေပး၍ အလုပ္ရွင္အလုပ္ သမား ျပႆနာ နည္းပါးျခင္းတို ႔ေၾကာင့္ ရန္ကုန္တိုင္းေဒသ ႀကီး တြင္ ပိတ္သိမ္းသြားေသာစက္႐ုံမ်ား မွာ ျပန္လည္ထြက္ခြာသြားျခင္း မဟုတ္ ဘဲ ပဲခူးစက္မႈဇုန္တြင္ စက္႐ုံ တည္ေ ဆာက္ ၿပီး ျပန္လည္ရင္းႏွီးျမႇဳပ္ႏွံရန္ စက္႐ုံေပါင္း ၁၈ ႐ုံမွ လာေရာက္ ကမ္းလွမ္း လုပ္ေဆာင္ေန ၿပီျဖစ္ေၾကာင္း သိရ သည္။

“ကြၽန္ေတာ္တို႔ ပဲခူးစက္မႈဇုန္မွာေတာ့ ျပည္ပစက္မႈ ဇုန္အကြက္ေတြေတာ့ အားလုံးျပည့္ေနၿပီ။ ျပည္တြင္းစက္ မႈ ဇုန္ အ ကြက္ ၈၄ ကြက္မွာ ၅၅ ရာခိုင္ႏႈန္းေတာ့ျပည့္ေနၿပီ။ ၄၅ ရာခိုင္ႏႈန္းေတာ့ က်န္ေသးတယ္။ လုပ္ငန္းေ ဖာ္ေဆာင္ ဖို႔ အခက္ အခဲေတြ ရွိေနတယ္။ အဓိကေတာ့ က်ဴးျပႆနာေတြ မရွင္းႏိုင္ေသးဘဲ တရား႐ုံးမွာ အမႈရင္ ဆိုင္ေန ရေတာ့ တရား႐ုံးေတြက ျမန္ျမန္ေလးျဖတ္ေပး ရင္ေတာ့ ပိုအဆင္ေျပပါတယ္။ ဒီမွာအလုပ္ ရွင္ အလုပ္သမား ျပႆနာကို အေလးထားၿပီး အစိုးရေရာ မီဒီယာေရာ တာဝန္ရွိတဲ့အဖြဲ႕ေတြ ပူးေပါင္းၿပီး ေျဖရွင္းေပးေတာ့ ဆႏၵထုတ္ေဖာ္ တာတို႔ မေျပလည္တာတို႔ နည္းတယ္။

လာေရာက္ရင္းႏွီးျမႇဳပ္ႏွံ တဲ့ သူေတြကိုလည္း ထိုက္သင့္တဲ့ အခြန္ကင္း လြတ္ခြင့္ေတြ ေပးထားပါတယ္။ ဒါေၾကာင့္ အခု လည္ေနတာက ၄၂ ႐ုံ၊ ေဆာက္လုပ္ဆဲက ၁၀ ႐ုံ၊ ေနာက္ထပ္ကမ္းလွမ္း မႈေတြလည္း အမ်ားႀကီးရွိေနပါၿပီ။ ေနာက္ ထပ္ လုပ္သားငါးေသာင္းေလာက္ အလုပ္ထပ္ရဖို႔ရွိ ပါတယ္။ေနာက္ တစ္ခ်က္ က ရင္းႏွီးျမႇဳပ္ႏွံ မႈေတြ မတည္မ ၿငိမ္ျဖစ္ေအာင္ ေနာက္ကေန ေျမႇာက္ေပးေနတဲ့ အဖြဲ႕အစည္းေတြ လည္း ရွိေနတယ္။ ဒါေတြကို ကေလးေတြဘက္ က လည္း သတိျပဳဖို႔လိုပါတယ္” ဟု ပဲခူးစက္မႈဇုန္ ရင္းႏွီးျမႇဳပ္ႏွံ မႈ ေကာ္မတီအတြင္းေရးမႉး ဦးဟိန္းထက္က ေျပာၾကား သည္။

ပဲခူးတိုင္းေဒသႀကီး တြင္ ပဲခူးၿမိဳ႕၊ သာယာဝတီၿမိဳ႕၊ ျပည္ၿမိဳ႕တို႔တြင္ စက္မႈဇုန္မ်ားရွိေသာ္ လည္း ပဲခူးၿမိဳ႕တြင္ စက္႐ုံ အမ်ား ဆုံးတည္ရွိကာ ပဲခူးတိုင္းေဒသႀကီး တစ္ခုလုံး၌ စက္႐ုံေပါင္း ၆၀ ေက်ာ္တည္ရွိကာ အလုပ္သမားကိုးေ သာင္းေက်ာ္ မွာ စက္႐ုံမ်ား တြင္ လုပ္ကိုင္ေနၾကၿပီး အမ်ားဆုံးမွာ လက္ခစား မ်ားျဖစ္ေၾကာင္း သိရသည္။

ပဲခူးစက္မႈဇုန္တြင္ အထည္ခ်ဳပ္စက္႐ုံ မ်ားမွာ အမ်ားဆုံးျဖစ္ၿပီး ဖိနပ္စက္႐ုံ၊ ဘီယာစက္႐ုံ၊ တိရစာၦန္အစာ စက္႐ုံ မ်ား လည္း လည္ပတ္လ်က္ ရွိၿပီး တ႐ုတ္၊ ဂ်ပန္၊ ကိုရီးယားႏိုင္ငံမ်ားမွ အမ်ားဆုံးလာေရာက္ ရင္းႏွီးျမႇဳပ္ႏွံ ၾကေၾကာင္း သိရ သည္။

ထို႔ျပင္ ပဲခူးစက္မႈဇုန္အတြင္း Nissan ကားကုမၸဏီမွ ကားအပိုပစၥည္း မ်ား ထုတ္လုပ္ရန္ စက္႐ုံတည္ေ ဆာက္ေန ၿပီး ပညာ သင္မ်ားကို ႏိုင္ငံျခားသို႔ ေစလႊတ္ထားကာ မၾကာမီ စက္႐ုံလည္ပတ္ႏိုင္ေတာ့ မည္ျဖစ္ေၾကာင္း သိရသည္။

Credit; Eleven Media Group

Unicode

ပဲခူးစက်မှု ဇုန်တွင် လုပ်သားရှစ် သောင်းခန့် ဖြင့် စက် ရုံ ၄၂ ရုံ လည်ပတ်နေပြီး ရန်ကုန်တိုင်း မှ ပိတ် သိမ်းသွားသော စက်ရုံများ လာရောက် ကမ်းလှမ်းနေ

ပဲခူးမြို့ ရပ်ကွက်ကြီး (၈) နှင့် ရပ်ကွက်ကြီး (၉) တို့တွင် ပဲခူးပြည်တွင်းပြည်ပစက်မှုဇုန်ကို ယခင်အစိုးရ လက်ထက် ၂၀၁၃ ခုနှစ်က စတင်အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ယခု အခါ စက်ရုံပေါင်း ၄၂ ရုံ လည်ပတ်နေ ကာ အ လုပ်သမား ရှစ်သောင်းခန့်ကို အလုပ်အကိုင်ပေး ထားနိုင်ပြီး ရန်ကုန်တိုင်း ဒေသကြီးမှ ပိတ်သိမ်းသွား သောစက်ရုံ များပါ ပဲခူးစက်မှုဇုန် တွင် ပြန်လည်လုပ်ကိုင်ရန် လာရောက် ကမ်းလှမ်း ထားကြောင်း သိရသည်။

ပဲခူးစက်မှုဇုန်တွင် လာရောက်ရင်းနှီးမြှုပ်နှံ သူများအား ငါးနှစ်အခွန်ကင်းလွတ် ခွင့်ပြုခြင်း၊ စက်ရုံဆောက် လုပ်ရေး ကာလ ကို နှစ်နှစ်အခွန်ကင်းလွတ်ခွင့်ပြုခြင်း၊ အလုပ်ရှင် အလုပ်သမား ပြဿနာများကို တာဝန်ရှိ အဖွဲ့ အစည်းများက စုပေါင်းအဖြေရှာရှင်းလင်းပေး၍ အလုပ်ရှင်အလုပ် သမား ပြဿနာ နည်းပါးခြင်းတို့ကြောင့် ရန်ကုန်တိုင်းဒေသ ကြီး တွင် ပိတ်သိမ်းသွားသောစက်ရုံများ မှာ ပြန်လည်ထွက်ခွာသွားခြင်း မဟုတ်ဘဲ ပဲခူးစက် မှုဇုန်တွင် စက်ရုံ တည်ေ ဆာက် ပြီး ပြန်လည်ရင်းနှီးမြှုပ်နှံရန် စက်ရုံပေါင်း ၁၈ ရုံမှ လာရောက်ကမ်းလှမ်း လုပ်ဆောင်နေ ပြီဖြစ်ကြောင်း သိရ သည်။

“ကျွန်တော်တို့ ပဲခူးစက်မှုဇုန်မှာတော့ ပြည်ပစက်မှု ဇုန်အကွက်တွေတော့ အားလုံးပြည့်နေပြီ။ ပြည်တွင်းစက် မှုဇုန် အ ကွက် ၈၄ ကွက်မှာ ၅၅ ရာခိုင်နှုန်းတော့ပြည့်နေပြီ။ ၄၅ ရာခိုင်နှုန်းတော့ ကျန်သေးတယ်။ လုပ်ငန်း ဖော် ဆောင် ဖို့ အခက် အခဲတွေ ရှိနေတယ်။ အဓိကတော့ ကျူးပြဿနာတွေ မရှင်းနိုင်သေးဘဲ တရားရုံးမှာ အမှုရင်ဆိုင်နေ ရတော့ တရားရုံးတွေက မြန်မြန်လေးဖြတ်ပေး ရင်တော့ ပိုအဆင်ပြေပါတယ်။ ဒီမှာအလုပ်ရှင် အလုပ် သမား ပြဿနာကို အလေးထားပြီး အစိုးရရော မီဒီယာရော တာဝန်ရှိတဲ့အဖွဲ့တွေ ပူးပေါင်းပြီး ဖြေရှင်းပေး တော့ ဆန္ဒထုတ်ဖော် တာတို့ မပြေလည်တာတို့ နည်းတယ်။

လာရောက်ရင်းနှီးမြှုပ်နှံ တဲ့ သူတွေကိုလည်း ထိုက်သင့်တဲ့ အခွန်ကင်း လွတ်ခွင့်တွေ ပေးထားပါ တယ်။ ဒါကြောင့် အခု လည်နေတာက ၄၂ ရုံ၊ ဆောက်လုပ်ဆဲက ၁၀ ရုံ၊ နောက်ထပ်ကမ်းလှမ်း မှုတွေလည်း အများကြီးရှိနေပါပြီ။ နောက် ထပ် လုပ်သားငါးသောင်းလောက် အလုပ်ထပ်ရဖို့ရှိ ပါတယ်။နောက်တစ်ချက်က ရင်းနှီးမြှုပ်နှံ မှုတွေ မတည်မ ငြိမ်ဖြစ်အောင် နောက်ကနေ မြှောက်ပေးနေတဲ့ အဖွဲ့အစည်းတွေ လည်း ရှိနေတယ်။ ဒါတွေကို ကလေးတွေဘက် က လည်း သတိပြုဖို့လိုပါတယ်” ဟု ပဲခူးစက်မှုဇုန် ရင်းနှီးမြှုပ်နှံ မှု ကော်မတီအတွင်းရေးမှူး ဦးဟိန်းထက်က ပြောကြား သည်။

ပဲခူးတိုင်းဒေသကြီး တွင် ပဲခူးမြို့၊ သာယာဝတီမြို့၊ ပြည်မြို့တို့တွင် စက်မှုဇုန်များရှိသော် လည်း ပဲခူးမြို့တွင် စက်ရုံ အများ ဆုံးတည်ရှိကာ ပဲခူးတိုင်းဒေသကြီး တစ်ခုလုံး၌ စက်ရုံပေါင်း ၆၀ ကျော်တည်ရှိကာ အလုပ်သမားကိုးေ သာင်းကျော် မှာ စက်ရုံများ တွင် လုပ်ကိုင်နေကြပြီး အများဆုံးမှာ လက်ခစား များဖြစ်ကြောင်း သိရသည်။

ပဲခူးစက်မှုဇုန်တွင် အထည်ချုပ်စက်ရုံ များမှာ အများဆုံးဖြစ်ပြီး ဖိနပ်စက်ရုံ၊ ဘီယာစက်ရုံ၊ တိရစ္ဆာန် အစာ စက် ရုံ များ လည်း လည်ပတ်လျက် ရှိပြီး တရုတ်၊ ဂျပန်၊ ကိုရီးယားနိုင်ငံများမှ အများဆုံးလာ ရောက်ရင်းနှီးမြှုပ်နှံ ကြကြောင်း သိရ သည်။

ထို့ပြင် ပဲခူးစက်မှုဇုန်အတွင်း Nissan ကားကုမ္ပဏီမှ ကားအပိုပစ္စည်း များ ထုတ်လုပ်ရန် စက်ရုံ တည် ဆောက် နေ ပြီး ပညာ သင်များကို နိုင်ငံခြားသို့ စေလွှတ်ထားကာ မကြာမီ စက်ရုံလည် ပတ်နိုင် တော့ မည်ဖြစ် ကြောင်း သိရသည်။

Credit; Eleven Media Group

Leave a Reply

Your email address will not be published. Required fields are marked *