ဇနီးမယားရှိသူမှ အသက် ၁၇ နှစ်အရွယ် ပထမနှစ်ေ ကျာင်း သူလေးအား ခိုးယူပေါင်း သင်းနေ ထိုင်နေ သဖြင့် အမှုဖွင့်



မ….ပညာသင်ကြားလျက်ရှိသော ဖြိုးအမျိုး သမီးဘ်ာဒါ ဆောင်သို့ သွားရောက် ကြည့်ရှုခဲ့ရာ မ…. ၁၇ နှစ် ပထမနှစ် (ပထဝီ)မှာလည်း ပျောက်ဆုံးနေကြောင်းသိရှိရ သဖြင့် အဘွားဖြစ်သူက တရားလိုပြုလုပ်၍ ဇရပ် ကြီးနယ်မြေရဲစခန်း တွင်အမှုဖွင့်တိုင်တန်း ခဲ့ခြင်းဖြစ်သည်။


သတင်း-#ကိုလွင်


Unicode

ဇနီးမယားရှိသူမှ အသက် ၁၇ နှစ်အရွယ် ပထမ နှစ် ကျောင်းသူလေး အား ခိုးယူပေါင်းသင်း နေ ထိုင် နေသဖြင့် အမှုဖွင့်

နိုဝင်ဘာ ၆ ရက်နေ့ ညနေပိုင်းတွင် ပဲခူးတိုင်းဒေသ ကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ် ဇရပ်ကြီးတိုက်နယ် တွင် ဘော်ဒါဆောင်တွင် ပညာသင်ကြားေ နသော အသက် ၁၇ နှစ်အရွယ် ပထမ နှစ် ကျောင်းသူလေးအား ဇနီးမယားရှိသူ က သွေးဆောင်ခိုးယူသွားသဖြင့် ဇရပ် ကြီး နယ်မြေရဲစခန်းတွင် အမှုဖွင့်တိုင်တန်းခဲ့ကြောင်း အဆိုပါနယ်မြေရဲ စခန်း က သိရှိရသည်။

ဖြစ်စဉ်မှာ ကျုံပါ(က)ရပ်ကွက်နေ ဒေါ်သန်းမြ ၆၉ နှစ်သည် နိုဝင်ဘာ ၅ ရက်နေ့ ည ၉ နာရီ အချိန်နေ အိမ်တွင်ရှိနေစဉ် အင်ကြင်းသာ ရပ်ကွက်နေ မအေးအေးမိုး ၃၆ နှစ်ရောက်ရှိလာပြီး ၎င်း၏ ခင်ပွန်းဖြစ်သူ ဖြိုးမင်းထွန်း(ခ)ကိုဖြိုး ၃၆ နှစ် သည် ဒေါ်သန်းမြ ၏မြေးဖြစ်သူ မ…. ၁၇ နှစ်နှင့် ချစ်ကြိုက်နေကြောင်း ခင်ပွန်း ဖြစ်သူမှာ နေအိမ်၌ မတွေ့ ရတော့ေ ကြာင်း လာရောက်ပြောပြသဖြင့်

မ….ပညာသင်ကြားလျက်ရှိသော ဖြိုးအမျိုး သမီးဘာ်ဒါ ဆောင်သို့ သွားရောက် ကြည့်ရှုခဲ့ရာ မ…. ၁၇ နှစ် ပထမနှစ် (ပထဝီ)မှာလည်း ပျောက်ဆုံးနေကြောင်းသိရှိရ သဖြင့် အဘွားဖြစ်သူက တရားလိုပြုလုပ်၍ ဇရပ် ကြီးနယ်မြေရဲစခန်း တွင်အမှုဖွင့်တိုင်တန်း ခဲ့ခြင်းဖြစ်သည်။

အဆိုပါအမှုနှင့်ပတ်သက် ၍ အမှုစစ် ဒုရဲအုပ် ညိုညိုယဉ်ငြိမ်း က သူတို့နှစ်ယောက်ချစ်ကြိုက် နေတာကို သိနေကြ တယ်။ ဘော်ဒါဆောင် ကိုသွား စစ်ဆေးတော့ ကောင်းမလေးကို ဘယ်သူခေါ်သွားတယ် ဘယ်အချိန်ခေါ် သွားတယ် ဆိုတာ သိမြင်တဲ့သူကေ တာ့မရှိဘူး။ ဒါပေမဲ့ နှစ်ယောက်စလုံးက အတူတူ ပျောက်သွား တာဆိုတော့ သေချာသေ လာက် ပါပဲ ဒါကြောင့် တရားခံ ဖြိုးမင်းထွန်း(ခ)ကိုဖြိုး ရဲ့ ဓာတ်ပုံတွေကို အခြားရဲစခန်းတွေ ကိုဖြန့်ဝေေ ပးထားတယ်။ စုံစမ်းတုန်းပဲ ခုထိ မမိသေးပါဘူး ဟု ပြောကြား သည်။အမှုဖြစ်စဉ်နှင့်ပါတ် သက်ပြီး ဇရပ်ကြီးနယ်မြေ ရဲစခန်းတွင် အမှု ဖွင့် အရေးယူထားကြောင်း သိရသည်။

သတင်း-#ကိုလွင်

#Myanmar_Online_News #ဇရပ်ကြီးနယ်မြေရဲစခန်း

Leave a Reply

Your email address will not be published. Required fields are marked *