(ကြၽန္ေတာ္ ပုဇြန္ထုပ္ဆိုလုံးဝမစားေတာ့ပါ)

ကြၽန္ေတာ္ ပုဇြန္ထုပ္ဆိုလုံးဝမစားပါ ပုဇြန္အေကာင္ေသးရင္ေတာ့စားသည္ ပုဇြန္ထုပ္ကိုစိတ္နာ သြားသည့္ အေၾကာင္းရင္း ကေတာ့ မအူပင္ဘက္က႐ြာေ လးတစ္႐ြာကို အလုပ္ကိစၥတခုေၾကာင့္ လုပ္ေဖာ္ကိုင္ ဖက္ငါးေယာက္ နဲ႔ ခရီးထြက္ျဖစ္ရာမွစသည္ တည္းမည့္အိမ္ေရာက္ေတာ့ အကုန္လုံးေျခပစ္ လက္ပစ္နားၾက ေရခ်ဴ ိးၾကနဲ႔ ေန႔ လယ္စာစားခ် ိန္နီး သြားေလၿပီ အိမ္ရွင္ကဧည့္ဝတ္ေက် တာမွ ဟိုဖက္ေတာင္လြန္သည္

ပုဇြန္ထုပ္အေကာင္ ႀကီးေတြအေကာင္သုံး ဆယ္ေလာက္ကို တစ္ဝက္ခ်က္တစ္ ဝက္သုပ္ မီးကင္ အခ်ဥ္ဟင္း ငပိရည္ တို႔စရာနဲ႔စုံေနေအာင္ ထမင္းဝိုင္းျပင္ေပး သည္

ဗိုက္ဆာဆာနဲ ႔စားလိုက္ၾကတာဆိုတာ အိမ္ရွင္မိသားစု အတြက္ ပုဇြန္အၿမီးဖ်ားေလး ပင္မက်န္ေတာ့ပါ ဗိုက္ ကားမွ သတိရၾကသည္ အရွက္ေျပ တစ္ေယာက္ ကထေျပာသည္။

“ဟာ… ဦးေလး တို႔အတြက္ ဟင္းမက်န္ေတာ့ ဘူး အားနာလိုက္ တာဗ်ာ ခရီးပန္းလာေတာ့ စားေကာင္းေကာင္းနဲ႔စားလိုက္မိတာ ” “အားနာရမယ့္လူေတြမွ မဟုတ္တာဆရာေလး တို႔ရယ္ ပုဇြန္က ဒီမွာကေပါ တယ္အဝသာစား ကြၽန္ေတာ္တို႔ က စားရတာၿငီးေငြ႕လြန္းလို႔စားခ်င္ေတာ့ ဘူးရယ္ ဧည့္သည္ေတြလာ မွလတ္လတ္ ဆတ္ဆတ္ဖမ္းၿပီးခ်က္ေကြၽး တာ ပိုက္ဆံေပးဝယ္ရ တာမဟုတ္ဘူး အားမနာ ပါနဲ႔ ဆရာေလးတို႔ စားေကာင္းရ င္ညစာလည္း ပုဇြန္ပဲ လုပ္ေပး မယ္ေလ”

“ဒီလိုဆိုေကာင္း တာေပါ့ ကြၽန္ေတာ္ၿမိဳ႕မွာကေ ဈးႀကီးတယ္ မျပန္ခင္အဝစား သြားရမယ္ ” “အို ရတယ္ပါ့ 24နာရီ ထိုင္စားခ်င္ လည္းျဖစ္တယ္” “အာ အဘကလည္းဘယ္ျဖစ္ မလဲဗ် တစ္ေန႔4ခါပဲ ရမယ္ေပါ့”

ဝင္ေျပာလိုက္ သူကအိမ္ရွင္ရဲ႕သား အငယ္ေကာင္ အလြန္ဆုံးရွိ မွရွစ္ႏွစ္ကိုးႏွစ္ အႀကီးေကာင္ေလး ကဆယ္တစ္ႏွစ္ ဆယ္ႏွစ္ႏွစ္ အ႐ြယ္ အကိုျဖစ္သူႏွင့္ အိမ္ေရွ႕ကြပ္ပ်စ္မွာစစ္သား အ႐ုပ္ေတြနဲ႔ စစ္တိုက္တိုင္းေဆာ့ေန ရင္းမွအေဖ ကိုလွမ္းေျပာျခင္းျဖစ္ သည္ “အငယ္ေကာင္ တိတ္ဇမ္း လွ်ာမရွည္ နဲ႔ အႀကီးေကာင္လည္းရွိတာ ကိုး ဘာလို႔မရရမွာလဲ” အေဖကလွမ္း မာန္လိုက္သည္ “ေအးေလဗ်ာ သူ2ခါ သား2ခါ 4ခါေပါ့ဗ်”

ဟုမေက်မနပ္ အငယ္ေကာင္ေလး ကေရ႐ြတ္ေန သည္ အႀကီးေကာင္ ကရယ္သည္ ကြၽန္ေတာ္လည္း အံ့ၾသသြား သည္ ဒီလက္ေတာက္ေလာက္ေလးေတြ က ဒီေလာက္ပုဇြန္ႀကီးေတြ ကိုဘယ္လိုမ်ားဖမ္း လာပါလိမ့္ဟု စဥ္းစား ခန္း ဝင္မိသည္ ေမြးျမဴ ေရးကန္ေတြကသြား ခိုးတယ္ထင္တယ္ တစ္ေယာက္ကို 2ခါဆီအလွည့္က်သြားခိုးၾကတာ မ်ား လား အင္း ေမးစမ္းၾကည့္ဦးမွ “ဦးေလး ကေလးေတြကပုဇြန္ ဖမ္းတတ္တယ္လား”

“ဖမ္းတတ္တာပါ့ ကြၽမ္းမွကြၽမ္း ဒီ႐ြာက ကေလး လူႀကီး အကုန္တတ္တယ္” သူငယ္ခ်င္းမ်ားက လည္းဝမ္းသာအားရနဲ႔”ကေလးေတြပါတတ္ေတာ့ေကာင္း တာေပါ့ ပိုစားရတာေပါ့” ဟုေျပာေတာ့ဘာ မွမေျပာဘဲအိမ္ရွင္က ျပဳ ံးျပဳ ံးႀကီးေ နေ နသည္ “ကဲ ကဲ ဆရာေလးတို႔နား ၾကဦး ညေနအရက္ေသာက္ ခ်င္ၾကလား” “ဟာ ေသာက္ခ်င္တာေပ့ါ ဦးေလး ရယ္ မ်ားမ်ားနဲ႔ေကာင္းေကာင္းေလး လုပ္ေပးေနာ္” “ရတယ္ မပူနဲ႔ အိမ္မွာပဲေသာက္ၾက ခ်က္ႀကီးဆိုင္ကသြား ဝယ္ေပး ထားမယ္”

“အျမည္းကပု ဇြန္ကင္ေလး အသုပ္ေလး ထည့္ေပးေနာ္” “စိတ္ခ် လုပ္ေပးမယ္ ေလာေလာဆယ္တေရး တေမာ အိပ္ ၾကဦး” “ဟုတ္ ေက်းဇူးတင္ပါ တယ္ဦးေလး” အကုန္လုံးတုံးလုံး ပက္လက္ေက်ာဆန႔္ရင္းတေ ခါေခါနဲ႔ အိပ္ေပ်ာ္ ကုန္ၾကသည္ ကြၽန္ေတာ္တစ္ေယာက္ တည္းသာအိပ္မေပ်ာ္ ဘဲစဥ္းစားခန္းဝ င္ေနသည္ ကြၽန္ေတာ္က ငါးမွ်ားရတာ ဝါသနာပါသည္ ပုဇြန္လည္းမွ်ား ဖူးသည္ ပုဇြန္ကငါးနဲ႔မတူေခ် တခါမိဖို႔အေရး အၾကာ ႀကီးေမ့ေလာက္ေ အာင္ေစာင့္ ရသည္ ဒီကေလးေတြမနက္ တစ္ပိုင္းတည္းနဲ႔ဒီေလာက္ အမ်ားႀကီး ဘယ္လိုမ်ား မွ်ားပါလိမ့္ စဥ္းစားမရေပအိမ္အတြင္းခန္းမွ အသံႀကိတ္ ႀကိတ္နဲ႔ေျပာေနသံၾကား၍ နားစြင့္ၾကည့္ မိသည္ အေဖကအငယ္ေကာင္ ကိုေျပာေနျခင္းျဖစ္ သည္

“ေဟ့ေကာင္ သြား ပုဇြန္သြားဖမ္းေတာ့” “ဟာဗ်ာ အဘကလည္းမနက္က တစ္ခါသြားၿပီးၿပီေလ အကိုႀကီးသြားခိုင္း “”ဧည့္သည္မ်ားတယ္ မ်ားမ်ားရ မွျဖစ္မယ္ မင္းပါလိုက္သြား” “မရေလာက္ေတာ့ပါ ဘူးဆိုအဘ ကလည္း” “မင္းကို အာ့ေၾကာင့္မနက္က ေကာင္ညႇင္းေပါင္းအမ်ား ႀကီးစားပါေျပာ တာကို” “စားတာပဲဗ္ “

“ကဲ စကားမရွည္နဲ႔ သြားေတာ့ ေနေစာင္းေတာ့ မယ္ ငါထမင္းအိုးတည္ လိုက္ဦးမယ္” အခန္းထဲမွေျခသံမ်ား ထြက္ သြားသံၾကားရ သည္ ပုဇြန္ ေကာက္ညႇင္းေပါင္း ဘာမ်ားပါလိမ့္ ဆက္စပ္လို႔မ ရေခ် ကြၽန္ေတာ္လည္းေျခသံ မၾကားေအာင္ တိတ္တိတ္ေလး ဖြေလွ်ာက္ၿပီးထြက္ သြားေသာကေလးႏွစ္ေယာက္ေ နာက္ လိုက္ေလ သည္ ကိုယ္ပါ လာမွန္းသူတို႔က မသိၾက ႐ြာထိပ္ကေခ်ာင္း လည္းေရာက္ေရာ ကေလးႏွစ္ေယာက္ က သူတို႔ေပါင္ေလာက္မေ ရာက္တေရာက္ေ ရအနက္တြင္ ေဘာင္းဘီေလးေတြ ခြၽ တ္သည္ ‘အင္ ဘာလုပ္ၾကတာတုန္းဟ’

ျခဳ ံကြယ္ကေ နေခ်ာင္းၾကည့္ေနရင္း မွ အေျဖကို ဘြင္းဘြင္းႀကီးျမင္ေလေ တာ့သည္ ဖင္ေလးေတြကုန္းၿပီး အီး ပါေနျခင္းျဖစ္သည္ သူတို႔ဖင္ ကအီး၂တုံးစီထြက္ သြားေတာ့မွ ခ်က္ခ်င္းကိုယ္ကို လွည့္ၿပီးသူ တို႔ပါခ် လိုက္ေသာ အီး တုံး ကိုမမွိတ္မသုန္ ကသိုဏ္းရႈေန ၾကသည္ ၂မိနစ္ေလာက္ၾကာေသာ အခါ အီးတုံးပတ္ လည္ တြင္ေရပ လုံ စီထေ နသည္ ထိုအခ်ိန္တြင္ ကျမင္းမ သားေလးႏွစ္ေကာင္က ဆတ္ကနဲနဲ႔ အီးတုံး ကိုလွမ္း ကိုင္လိုက္သည္ သူတို႔လက္ ထဲတြင္ပါလာသည္ မွာအီးတုံးမဟုတ္ ပုဇြန္ထုပ္မ်ား ယက္ကန္ ယက္ ကန္နဲ႔ ႏႈတ္ခမ္းေမႊးကြၽတ္မတတ္ ႐ုန္းေနၾက သည္ သူတို႔ပါလိုက္ေသာ အီးတုံးမ်ားကို ပုဇြန္မ်ား ကလာ စားၾကျခင္း ျဖစ္ေပသည္ အာ့အခ်ိန္ ႏႈတ္ခမ္းေမႊးကေ ကာ က္ဆြဲ ဖမ္းခံလိုက္ရျခင္းျဖစ္ သည္ မနက္ကအားရပါးရစားခဲ့ သည္မ်ားကိုျပန္ျမင္ေယာင္ ကာ လည္ေခ်ာင္း ထဲမွာပ်ဴ ိ့တက္လာသည္

ပုဇြန္ေခါင္းထဲ တြင္ေခ်းေတြပဲရွိ သည္ဆိုသည္မွာ အလကားဟုတ္ ဟန္မတူေပ ကိုယ္လည္းအန္လို႔ အၿပီးသူ တို႔လည္းလက္ႏွစ္ ဖက္အျပည့္ ပုဇြန္ရေနၿပီ ကမ္းေပၚျပန္တက္ လာၾကေသာအခါ ကြၽန္ေတာ့ ကိုျမင္သြားသည္”ဟာ ေလးေလး ဘာလုပ္ေန တာလဲ” အိုးတိုး အန္တန္းနဲ႔အႀကီးေကာင္ က ေမးသည္ “မင္းတို႔ပုဇြန္ဖမ္းတာ လိုက္ ၾကည့္တာ” “ဟီးဟီး ေလးေလး ညစာပုဇြန္ စားဦးမလား” ႏႈတ္သြက္ေသာ အငယ္ေကာင္ကျပန္ေမး သည္ “ေတာ္ၿပီ ေဟ့ေကာင္ မစားဘူး” “ဟုတ္တယ္ မစားနဲ႔ ေလးေလး ကြၽန္ေတာ္ တို႔တ႐ြာလုံး မစားဘူး ဧည့္သည္ေတြ ပဲေကြၽးတာ”

“ေသစမ္းဟဲ့ နႏၵိယ” ?? ဆိုၿပီးကိုယ့္ နဖူးကိုယ္ပဲျပန္႐ိုက္လိုက္မိေ လေတာ့သည္

Unicode

ကျွန်တော် ပုဇွန်ထုပ်ဆိုလုံးဝမစားပါ ပုဇွန်အကောင်သေးရင်တော့စားသည် ပုဇွန်ထုပ်ကိုစိတ်နာ သွားသည့် အကြောင်းရင်း ကတော့ မအူပင်ဘက်ကရွာေ လးတစ်ရွာကို အလုပ်ကိစ္စတခုကြောင့် လုပ်ဖော်ကိုင်ဖက်ငါးယောက် နဲ့ ခရီးထွက်ဖြစ်ရာမှစသည် တည်းမည့်အိမ်ရောက်တော့ အကုန်လုံးခြေ ပစ် လက်ပစ်နားကြ ရေချူ ိးကြနဲ့ နေ့ လယ်စာစားချ ိန်နီး သွားလေပြီ အိမ်ရှင်ကဧည့်ဝတ်ကျေ တာမှ ဟိုဖက်တောင်လွန်သည်

ပုဇွန်ထုပ်အကောင် ကြီးတွေအကောင်သုံး ဆယ်လောက်ကို တစ်ဝက်ချက်တစ် ဝက်သုပ် မီးကင် အချဉ်ဟင်း ငပိရည် တို့စရာနဲ့စုံနေအောင် ထမင်းဝိုင်းပြင်ပေး သည်

ဗိုက်ဆာဆာနဲ့စားလိုက်ကြတာဆိုတာ အိမ်ရှင်မိသားစု အတွက် ပုဇွန်အမြီးဖျားလေး ပင်မကျန်တော့ပါ ဗိုက် ကားမှ သတိရကြသည် အရှက်ပြေ တစ်ယောက် ကထပြောသည်။

“ဟာ… ဦးလေး တို့အတွက် ဟင်းမကျန်တော့ ဘူး အားနာလိုက် တာဗျာ ခရီးပန်းလာတော့ စားကောင်းကောင်းနဲ့စားလိုက်မိတာ ” “အားနာရမယ့်လူတွေမှ မဟုတ်တာဆရာလေး တို့ရယ် ပုဇွန်က ဒီမှာကပေါ တယ်အဝသာစား ကျွန်တော်တို့ က စားရတာငြီးငွေ့လွန်းလို့စားချင်တော့ ဘူးရယ် ဧည့်သည်တွေလာ မှလတ်လတ် ဆတ်ဆတ်ဖမ်းပြီးချက်ကျွေး တာ ပိုက်ဆံပေးဝယ်ရ တာမဟုတ်ဘူး အားမနာ ပါနဲ့ ဆရာလေးတို့ စားကောင်းရ င်ညစာလည်း ပုဇွန်ပဲ လုပ်ပေး မယ်လေ”

“ဒီလိုဆိုကောင်း တာပေါ့ ကျွန်တော်မြို့မှာကေ ဈးကြီးတယ် မပြန်ခင်အဝစား သွားရမယ် ” “အို ရတယ်ပါ့ 24နာရီ ထိုင်စားချင် လည်းဖြစ်တယ်” “အာ အဘကလည်းဘယ်ဖြစ် မလဲဗျ တစ်နေ့4ခါပဲ ရမယ်ပေါ့”

 ဝင်ပြောလိုက် သူကအိမ်ရှင်ရဲ့သား အငယ်ကောင် အလွန်ဆုံးရှိ မှရှစ်နှစ်ကိုးနှစ် အကြီးကောင် လေး ကဆယ်တစ်နှစ် ဆယ်နှစ်နှစ် အရွယ် အကိုဖြစ်သူနှင့် အိမ်ရှေ့ကွပ်ပျစ်မှာစစ်သား အရုပ်တွေနဲ့ စစ်တိုက်တိုင်းဆော့နေ ရင်းမှအဖေ ကိုလှမ်းပြောခြင်းဖြစ် သည် “အငယ်ကောင် တိတ်ဇမ်း လျှာမရှည် နဲ့ အကြီးကောင်လည်းရှိတာ ကိုး ဘာလို့မရရမှာလဲ” အဖေကလှမ်း မာန်လိုက်သည် “အေးလေဗျာ သူ2ခါ သား2ခါ 4ခါပေါ့ဗျ”

ဟုမကျေမနပ် အငယ်ကောင်လေး ကရေရွတ်နေ သည် အကြီးကောင် ကရယ်သည် ကျွန်တော်လည်း အံ့သြသွား သည် ဒီလက်တောက်လောက်လေးတွေ က ဒီလောက်ပုဇွန်ကြီးတွေ ကိုဘယ်လိုများဖမ်း လာပါလိမ့်ဟု စဉ်းစား ခန်း ဝင်မိသည် မွေးမြူ ရေးကန်တွေကသွား ခိုးတယ်ထင်တယ် တစ်ယောက်ကို 2ခါဆီအလှည့်ကျသွားခိုးကြတာ များ လား အင်း မေးစမ်းကြည့်ဦးမှ “ဦးလေး ကလေးတွေကပုဇွန် ဖမ်းတတ်တယ်လား”

“ဖမ်းတတ်တာပါ့ ကျွမ်းမှကျွမ်း ဒီရွာက ကလေး လူကြီး အကုန်တတ်တယ်” သူငယ်ချင်းများက လည်းဝမ်းသာအားရနဲ့”ကလေးတွေပါတတ်တော့ကောင်း တာပေါ့ ပိုစားရတာပေါ့” ဟုပြောတော့ဘာ မှမပြောဘဲအိမ်ရှင်က ပြု ံးပြု ံးကြီးေ နေ နသည် “ကဲ ကဲ ဆရာလေးတို့နား ကြဦး ညနေအရက်သောက် ချင်ကြလား” “ဟာ သောက်ချင်တာပေ့ါ ဦးလေး ရယ် များများနဲ့ကောင်းကောင်းလေး လုပ်ပေးနော်” “ရတယ် မပူနဲ့ အိမ်မှာပဲသောက်ကြ ချက်ကြီးဆိုင်ကသွား ဝယ်ပေး ထားမယ်”

“အမြည်းကပု ဇွန်ကင်လေး အသုပ်လေး ထည့်ပေးနော်” “စိတ်ချ လုပ်ပေးမယ် လောလောဆယ်တရေး တမော အိပ် ကြဦး” “ဟုတ် ကျေးဇူးတင်ပါ တယ်ဦးလေး” အကုန်လုံးတုံးလုံး ပက်လက်ကျောဆန့်ရင်းတေ ခါခေါနဲ့ အိပ်ပျော် ကုန်ကြသည် ကျွန်တော်တစ်ယောက် တည်းသာအိပ်မပျော် ဘဲစဉ်းစားခန်းဝ င်နေသည် ကျွန်တော်က ငါးမျှားရတာ ဝါသနာပါသည် ပုဇွန်လည်းမျှား ဖူးသည် ပုဇွန်ကငါးနဲ့မတူချေ တခါမိဖို့အရေးအကြာ ကြီးမေ့လောက်ေ အာင်စောင့် ရသည် ဒီကလေးတွေမနက် တစ်ပိုင်းတည်းနဲ့ဒီ လောက် အများကြီး ဘယ်လိုများ မျှားပါလိမ့် စဉ်းစားမရပေအိမ်အတွင်းခန်းမှ အသံ ကြိတ် ကြိတ်နဲ့ပြောနေသံကြား၍ နားစွင့်ကြည့် မိသည် အဖေကအငယ်ကောင် ကိုပြောနေခြင်းဖြစ် သည်

“ဟေ့ကောင် သွား ပုဇွန်သွားဖမ်းတော့” “ဟာဗျာ အဘကလည်းမနက်က တစ်ခါသွားပြီးပြီလေ အကိုကြီးသွားခိုင်း “”ဧည့်သည်များတယ် များများရ မှဖြစ်မယ် မင်းပါလိုက်သွား” “မရလောက်တော့ပါ ဘူးဆိုအဘ ကလည်း” “မင်းကို အာ့ကြောင့်မနက်က ကောင်ညှင်းပေါင်းအများ ကြီးစားပါပြော တာကို” “စားတာပဲဗ် “

 “ကဲ စကားမရှည်နဲ့ သွားတော့ နေစောင်းတော့ မယ် ငါထမင်းအိုးတည် လိုက်ဦးမယ်” အခန်းထဲမှ ခြေသံများ ထွက် သွားသံကြားရ သည် ပုဇွန် ကောက်ညှင်းပေါင်း ဘာများပါလိမ့် ဆက်စပ်လို့မ ရချေ ကျွန်တော်လည်းခြေသံ မကြားအောင် တိတ်တိတ်လေး ဖွလျှောက်ပြီးထွက် သွားသောကလေး နှစ်ယောက်ေ နာက် လိုက်လေ သည် ကိုယ်ပါ လာမှန်းသူတို့က မသိကြ ရွာထိပ်ကချောင်း လည်းရောက်ရော ကလေးနှစ်ယောက် က သူတို့ပေါင်လောက်မေ ရာက်တရောက်ေ ရအနက်တွင် ဘောင်းဘီလေးတွေ ချွ တ်သည် ‘အင် ဘာလုပ်ကြတာတုန်းဟ’

ခြု ံကွယ်ကေ နချောင်းကြည့်နေရင်း မှ အဖြေကို ဘွင်းဘွင်းကြီးမြင်လေေ တာ့သည် ဖင်လေးတွေကုန်းပြီး အီး ပါနေခြင်းဖြစ်သည် သူတို့ဖင် ကအီး၂တုံးစီထွက် သွားတော့မှ ချက်ချင်းကိုယ်ကို လှည့်ပြီးသူ တို့ပါချလိုက်သော အီး တုံး ကိုမမှိတ်မသုန် ကသိုဏ်းရှုနေ ကြသည် ၂မိနစ်လောက်ကြာသော အခါ အီးတုံးပတ်လည် တွင်ရေပ လုံ စီထေ နသည် ထိုအချိန်တွင် ကမြင်းမ သားလေးနှစ်ကောင်က ဆတ်ကနဲနဲ့ အီးတုံးကိုလှမ်း ကိုင်လိုက်သည် သူတို့လက် ထဲတွင်ပါလာသည် မှာအီးတုံးမဟုတ် ပုဇွန်ထုပ်များ ယက်ကန်ယက် ကန်နဲ့ နှုတ်ခမ်းမွှေးကျွတ်မတတ် ရုန်းနေကြ သည် သူတို့ပါလိုက်သော အီးတုံးများကိုပုဇွန်များ ကလာစားကြခြင်း ဖြစ်ပေသည် အာ့အချိန် နှုတ်ခမ်းမွှေးကေ ကာ က်ဆွဲ ဖမ်းခံလိုက်ရခြင်းဖြစ် သည် မနက်ကအားရပါးရစားခဲ့ သည်များကိုပြန်မြင်ယောင် ကာ လည်ချောင်း ထဲမှာပျူ ိ့တက်လာသည်

ပုဇွန်ခေါင်းထဲ တွင်ချေးတွေပဲရှိ သည်ဆိုသည်မှာ အလကားဟုတ် ဟန်မတူပေ ကိုယ်လည်းအန်လို့ အပြီးသူ တို့လည်းလက်နှစ် ဖက်အပြည့် ပုဇွန်ရနေပြီ ကမ်းပေါ်ပြန်တက် လာကြသောအခါ ကျွန်တော့ ကိုမြင်သွားသည်”ဟာ လေးလေး ဘာလုပ်နေ တာလဲ” အိုးတိုး အန်တန်းနဲ့အကြီးကောင် က မေးသည် “မင်းတို့ပုဇွန်ဖမ်းတာ လိုက် ကြည့်တာ” “ဟီးဟီး လေးလေး ညစာပုဇွန် စားဦးမလား” နှုတ်သွက်သော အငယ်ကောင်ကပြန်မေး သည် “တော်ပြီ ဟေ့ကောင် မစားဘူး” “ဟုတ်တယ် မစားနဲ့ လေးလေး ကျွန်တော် တို့တရွာလုံး မစားဘူး ဧည့်သည်တွေ ပဲကျွေးတာ”

“သေစမ်းဟဲ့ နန္ဒိယ” ?? ဆိုပြီးကိုယ့် နဖူးကိုယ်ပဲပြန်ရိုက်လိုက်မိေ လတော့သည်

Leave a Reply

Your email address will not be published. Required fields are marked *